Serie-A News

အသင်းပြောင်းသော အီဗရာ

Jan 26 , 2017

တစ်ချိန်က မန်ယူတွင် ကစားခဲ့သော နောက်ခံလူ အီဗရာမှာ ယခုအခါ စီးရီးအေကလပ် ဂျူဗင်တပ်မှ ပြင်သစ်ကလပ် မာဆေးသို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် အီဗရာမှာ  ဂျူဗင်တပ်နှင့် စာချုပ်သက်တမ်း ၆လသာ ကျန်တော့သည့်အချိန်တွင် အသင်းပြောင်း ခဲ့ခြင်းဖြစ်ပြီး မာဆေးနှင့် ၁၈လ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ပြင်သစ်မြေသို့ ၁၁နှစ်အကြာတွင် ပြန်လည်ခြေချနိုင်ခဲ့သော အီဗရာမှာ ၂၀၀၂မှ ၂၀၀၆ အထိ မိုနာကို ကလပ်တွင် ကစားခဲ့ကာ ယင်းမှ မန်ယူသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။

မာဆေးကွင်းလယ်ကစားသမား ကာလယ်လာက အီဗရာမှာ တကယ့်ကစားသမားကောင်းဖြစ်ခဲ့သကဲ့သို့ အသင်းအတွက် အရေး ပါသောနေရာမှ ပါဝင်ကစားပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

အီဗရာမှာ ၂၀၀၈ ချန်ပီယံလိဂ်ဖလားကို မန်ယူနှင့်အတူ ရယူနိုင်ခဲ့ပြီး ပရီးမီးယားချန်ပီယံ ၅ကြိမ်နှင့် စီးရီးအေ ချန်ပီယံ ဆု ၂ကြိမ် ရရှိခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here