La-liga News

ဝင်ငွေအကောင်းဆုံး စီရိုနယ်ဒို

Feb 04 , 2017

ကမ္ဘာ့အားကစားလောကတွင် ၂၀၁၆ ခုနှစ်အတွက် ၀င်ငွေအများဆုံးကစားသမားမှာ ပေါ်တူဂီနှင့် ရီးရဲလ်တိုက်စစ်မှုး စီရိုနယ် ဒိုဖြစ်ပြီး ၀င်ငွေစုစုပေါင်းမှာ ပေါင် ၇၀.၆ သန်း ဟု ဆိုသည်။

လစာအပြင် ကြော်ငြာများမှလည်းကောင်း၊ စပွန်ဆာများမှလည်းကောင်း၊ ၀င်ငွေများရရှိခြင်းဖြစ်ပြီး၊ ဒုတိယအများဆုံးမှာ အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှုး မက်ဆီဖြစ်ကာ ၀င်ငွေ ပေါင် ၆၅ သန်း ရရှိခဲ့သည်။

ဝင်ငွေအများဆုံး ၅ဦးစာရင်းတွင် အခြားပါဝင်သူ ၃ဦးမှာ NBA ဘတ်စကက်ဘော ကစားသမား လီဘရွန် ဂျိမ်းစ်(ပေါင် ၆၁.၉ သန်း)၊ တင်းနစ် အကျော်အမော် ဖက်ဒဲရား (ပေါင် ၅၄.၄သန်း)နှင့် ဘတ်စကက်ဘော ကစားသမား ဒူရန့်  (ပေါင် ၄၅.၁ သန်း)တို့ ဖြစ်ကြသည်။

ဗြိတိသျှကစားသမားများထဲတွင် ထိပ်ဆုံး ၂၀ဦး စာရင်းဝင်သူ ၂ဦးသာရှိခဲ့ပြီး ပြိုင်ကားမောင်းချန်ပီယံ ဟာမီလ်တန် (ပေါင် ၃၆.၈ သန်း)နှင့် ဂေါက်သီးသမား မက်ရွိုင်း (ပေါင် ၃၄သန်း) တို့ဖြစ်ကာ အဆင့် ၁၁နှင့် ၁၇ တို့တွင် ရပ်တည်ခဲ့သည်။ ထိုထိပ်ဆုံး ၂၀ ဦးထဲတွင်လည်း ဘောလုံးသမားဟူ၍ စီရိုနယ်ဒိုနှင့် မက်ဆီတို့သာ ပါဝင်ခဲ့သည်။

အဆင့် ၂၁ တွငသ် ဘာစီလိုနာမှ နေမာ (ပေါင် ၃၀.၁သန်း)၊ အဆင့် ၂၃ တွင် မန်ယူမှ အီဘရာဟင်မိုဗစ် (ပေါင်သန်း ၃၀)၊ အဆင့် ၁၅တွင် ရီးရဲလ်မှ ဘေးလ်တို့ ရှိနေကြကြောင်း သိရသည်။

U Myo Thant




<< Back La-liga News


Advertisement
Here