Europe News

ဗိုလ်စွဲခဲ့သော ကင်မရွန်း

Feb 06 , 2017

၂၀၁၇ အာဖရိကနိုင်ငံများဖလားပွဲတွင် ကင်မရွန်းက အီဂျစ်ကို ၂-၁ဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားပြီ ဖြစ်သည်။

ထိုပွဲစဉ်တွင် အီဂျစ်အသင်းက ဦးဆောင်ဂိုးသွင်းကာ ဆုဖလားရရေးအတွက် မျှော်လင့်နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၅၉ မိနစ်နှင့် ၈၈ မိနစ်တို့တွင် ကိုလူးနှင့် အဘူဘေကာတို့က ကင်မရွန်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူပေးခြဲ့ခင်းကြောင့် ဗိုလ်စွဲ ခဲ့ခြင်း ဖြစ်သည်။

ကင်မရွန်းအနေနှင့် ယခုပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် ရုရှတွင် ယခုနှစ်အတွင်း ကျင်းပမည့် ကွန်ဖက်ဒရေးရှင်းဖလားပွဲသို့ ၀င်ခွင့် ရခဲ့ပြီး ယင်းပြိုင်ပွဲ အုပ်စု B မှ ဂျာမနီ၊ ချီလီ၊ ဩစတြေးလျတို့နှင့် ကစားရ မည် ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားအကြိုအဖြစ် ကျင်းပသော ကွန်ဖက်ဒရေးရှင်းဖလားပွဲတွင် ချီလီနှင့် လည်းကောင်း၊ ၂၂ရက်နေ့တွင် စိန့်ပီတာ စဘတ်၌ ဩစတြေးလျနှင့် လည်းကောင်း၊ ၂၅ ရက်နေ့တွင် ဆိုချီ၌ ဂျာမနီနှင့် လည်းကောင်း၊ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

ကင်မရွန်းသည် အာဖရိကနိုင်ငံများဖလားကို ၄ကြိမ်မြောက် ရရှိခြင်း ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here