Bundesliga News

ဆုရပြန်တဲ့ လီဝန်ဒေါစကီး

Feb 07 , 2017

ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီးမှာ ပိုလန်နိုင်ငံ၏ ၁နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ် ဆက်တိုက် ထပ်မံ ရရှိ ခဲ့ကြောင်း သိရသည်။

၂၈ နှစ်သား လီဝန်ဒေါစကီးမှာ ပိုလန်ကစားသမားများဖြစ်သော ဂလစ်၊ ကရီချိုဝစ်၊ မီလစ်၊ ပါဇဒန်တို့ကို ကျော်ဖြတ်ကာ အကောင်း ဆုံး ကစားသမားဆုကို ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

လီဝန်ဒေါစကီးက မိမိအနေနှင့် ထိုဆုကို ထပ်မံရရှိစေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရကြောင်း၊ ယခုဆုသည် မိမိအတွက် တန်ဖိုး မပြတ်နိုင်သော ဂုဏ်ပြုမှုဟု ယုံကြည်ယူဆပါကြောင်း ပြောဆိုခဲ့သည်။

လီဝန်ဒေါစကီးမှာ ၂၀၁၆ အတွင်း ဘွန်ဒစ်လီဂါ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး လွန်ခဲ့သောရာသီတွင် ဘိုင်ယန်နှင့် အတူ ဘွန်ဒစ်လီဂါဖလားနှင့် ဂျာမန်လိဂ်ဖလားတို့ ရရှိခဲ့ဖူးသူ ဖြစ်သည်။

ထို့အပြင် ယူရို ၂၀၁၆ တွင် ပိုလန်နှင့်အတူ ၅ပွဲကစား ၁ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here