EPL News

အဂူရိုကို မရောင်းပါ

Feb 07 , 2017

ပြီးခဲ့သော ပွဲစဉ် ၂ပွဲတွင် ပါဝင်ခွင့်မရခဲ့သော်လည်း မန်စီးတီးအနေနှင့် တိုက်စစ်မှုး အဂူရိုကို ထုတ်ရောင်းရန် အစီအစဉ်မရှိကြောင်း သိရသည်။

၂၈ နှစ်သား အဂူရိုမှာ ယခုရာသီအစောပိုင်းတွင်မှ စာချုပ်သက်တမ်းတိုးထားသူဖြစ်ပြီး လက်ရှိ စာချုပ်အရ သက်တမ်း ၃နှစ် ကျန်နေသေးသူ ဖြစ်သည်။

အဂူရိုအနေနှင့် မန်စီးတီးတွင် ဆက်နေလိုသည်ဟု ဆိုထားသော်လည်း ပုံမှန်ကစားခွင့်ရမရအပေါ်တွင် မူတည်ဦးမည်ဟု ဆိုသည်။

သူသည် ဆွမ်ဆီးကို ၂-၁ဖြင့် နိုင်သော ပွဲစဉ်တွင် လူစားဝင် ကစားသမားအဖြစ် နောက်ဆုံး  ၇မိနစ်၌ ပါဝင်ခွင့်ရခဲ့ပြီး အနိုင်ဂိုးသွင်း ခဲ့သူ ဘရာဇီးသား ဂျီးဆပ်မှာ အဂူရိုနေရာတွင် ၀င်ကစားနေသူ ဖြစ်သည်။

အဂူရိုမှာ ယခုရာသီတွင် မန်စီးတီး၏ ထိက်တန်းဂိုးသွင်းရှင်ဖြစ်နေပြီး စုစုပေါင်း ၁၈ ဂိုး သွင်းထားကာ ဒုတိယနေရာမှ စတာလင် ထက် ၁၁ဂိုး  ပိုသွင်းထားနိုင်သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here