Spain King's Cup News

ရှုံးပေမယ့် ကျေနပ်သူ

Feb 08 , 2017

နှစ်ကျော့ပေါင်း ၂-၃ဖြင့် ဘာစီလိုနာကို ရှုံးခဲ့သော်လည်း အသင်းကစားပုံကို ကျေနပ်ကြောင်း အက်သလက်တီကို နည်းပြ ဆီမြွန်းနီက ပြောဆိုလိုက်သည်။

အက်သလက်တီကိုအသင်းမှာ ဆီမီး ပထမအကျော့ အိမ်ကွင်းပွဲစဉ်တွင် ဘာစီလိုနာကို ၁-၂ဖြင့် ရှုံးခဲ့ပြီး၊ ဒုတိယအကျော့ အဝေး ကွင်းပွဲတွင် ၁ဂိုးစီသရေသာ ကစားနိုင်ခဲ့သဖြင့် ဖိုင်နယ်နှင့် လွဲခဲ့ရခြင်း ဖြစ်သည်။

ဒုတိယအကျော့တွင် ဘာစီလိုနာမှ ဆွာရက်ဇ်က  ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး၊ အက်သလက်တီကိုမှာ မိနစ် ၈၀ တွင် ပယ်နယ်တီရ ခဲ့သော်လည်း ဂိုးမ၀င်ခဲ့၍ နစ်နာခဲ့ရကာ ၈၃ မိနစ်တွင် ချေပဂိုး ပြန်သွင်းနိုင် ခဲ့သည်။

၅၇ မိနစ်နှင့် ၆၉ မိနစ်တို့တွင် ဘာစီလိုနာမှ ရောဘတ်တိုနှင့် အက်သလက်တီကိုမှ ကာရက်စ်ကိုတို့ ၂၀ါ၁နီဖြသင့် အသီးသီး ထုတ်ပယ်ခံခဲ့ရပြီး ဆွာရက်ဇ်သည်လည်း မိနစ် ၉၀ တွင် ၂၀ါ၁နီဖြင့် ထွက်ခဲ့ရ သည်။

သို့သော် အက်သလက်တီကိုမှာ အခွင့်ကောင်းကို မဖန်တီးနိုင်ခဲ့ခြင်းကြောင့် ဆီမီးဖိုင်နယ်အဆင့်နှင့်သာ ကျေနပ်လိုက် ရခြင်း ဖြစ်သည်။

ဘာစီလိနာအသင်းမှာ အလာဗက်စ်နှင့် ဆဲလ်တာ ပွဲစဉ်မှာ အနိုင်ရအသင်းနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

U Myo Thant

<< Back Spain King's Cup News


Advertisement
Here