EPL News

အယ်လီဂရီနှင့် အာဆင်နယ်

Feb 09 , 2017

ဂျူဗင်တပ်နည်းပြ အယ်လီဂရီမှာ ပရီးမီးယားကလပ် အာဆင်နယ်သို့ ပြောင်းရွှေ့လာတော့မည်ဟု သတင်းများထွက်ပေါ်လျက် ရှိ သည်။

လက်ရှိ အာဆင်နယ် နည်းပြ ၀င်းဂါးမှာ လာမည့် ရာသီကုန်တွင် အသင်းကို စွန့်ခွာကာ အယ်လီဂရီက ထိုနေရာကို ၀င်ရောက်လာ မည်ဟု နာမည်ကြီးနေခြင်း ဖြစ်သည်။

အမှတ်ပေးချန်ပီယံဘွဲ့နှင့် ဝေးနေရပြီးနောက် ၀င်းဂါးမှာ ပရိသတ်၏ ဒေါသတကြီးဝေဖန်မှုများကို ခံနေရကာ ယခုရာသီတွင်လည်း ပရီးမီးယားဆုဖလားနှင့် နီးစပ်ရန် မလွယ်ကူသော အနေအထား၌သာ ရှိနေဆဲ ဖြစ်သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သော ပြင်သစ်သား ၀င်းဂါးမှာ ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းပြည့်မည် ဖြစ်သည်။

အာဆင်နယ်သို့ ရောက်နိုင်သောသတင်းနှင့် ပတ်သက်၍ အယ်လီဂရီက ငြင်းဆိုခြင်း မပြုသကဲ့သို့ ၀န်ခံခြင်းလည်း မရှိခဲ့သေးပေ။

 

U Myo Thant

<< Back EPL News


Advertisement
Here