Bundesliga News

နားတော့မယ့် ဖိလစ်လမ်း

Feb 09 , 2017

ဘိုင်ယန်အသင်း ကပ္ပတိန် ဖိလစ်လမ်းက လာမည့် ရာသီကုန်တွင် အနားယူတော့မည်ဟု ပြောဆိုလိုက်သည်။

အသက် ၃၃ နှစ်အရွယ် လမ်းမှာ ၁၁ နှစ်သား အရွယ်ကပင် ဘိုင်ယန်သို့ ရောက်ရှိနေသူဖြစ်ပြီး ဂျာမနီလက်ရွေးစင်ဘ၀ဖြင့် ကမ္ဘာ့ ဖလားရခဲ့သည့် လမ်းအနေနှင့် ၂၀၁၉ အထိ ဘိုင်ယန်နှင့် စာချုပ် သက်တမ်းရှိနေသူ ဖြစ်သည်။

ဘိုင်ယန် CEO က လမ်း၏ ဆုံးဖြတ်ချက်မှာ အံ့အားသင့်စရာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး၊ ၀ုဘတ်ကို အနိုင်ရခဲ့သည့် ဂျာမန်ဖလား ပွဲတွင် ဘိုင်ယန်အတွက် ၅၀၁ ပွဲမြောက် ၀င်ကစားခဲ့ခြင်းဖြစ်ကာ ဂျာမနီ၏ အအောင်မြင်ဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံ ထားရသူ ဖြစ်သည်။

လမ်းသည် ၂၀၀၂တွင် ဘိုင်ယန်နှင့် အတူ ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပြီး၊ ၂၀၀၃ နှင့် ၂၀၀၅ တို့တွင် စတုဂတ်၌ အငှားကစား သမားအဖြစ် သွားရောက်ကစားခဲ့ရသော်လည်း ကျန်ကာလများကို ဘိုင်ယန်နှင့်အတူ ကျော်ဖြတ်ခဲ့ကာ ဘွန်ဒစ်လီဂါချန်ပီယံ  ၇ ကြိမ်၊ ဂျာမန်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊ ကမ္ဘာ့ဖလား ၁ကြိမ် ရရှိခဲ့သူဖြစ်သည့်အပြင် ဂျာမနီလက်ရွေးစင်အဖြစ် ၁၁၃ ပွဲ ကစားပေး ခဲ့သူလည်း ဖြစ်သည်။

U Myo Thant

<< Back Bundesliga News


Advertisement
Here