EPL News

ကွန်တီပြောတဲ့ ဗိုလ်စွဲနိုင်သူများ

Feb 11 , 2017

မိမိတို့အသင်းအနေနှင့် ချန်ပီယံဖြစ်တော့မည်ဟု ထင်လာခဲ့ပါက ယင်းမှာ အကြီးမားဆုံး အမှားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပရီးမီးယားတွင် ဗိုလ်စွဲနိုင်သူ ၆သင်းရှိနေကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီက ပြောဆိုလိုက်သည်။

ချဲလ်ဆီးအသင်းမှာ ကစားရန် ၁၄ ပွဲသာ ကျန်တော့ချိန်တွင် ရမှတ် စုစုပေါင်း ၅၉ မှတ်ဖြင့် ထိပ်မှဦးဆောင်နေသူ ဖြစ်သည်။

ဒုတိယနေရာမှ စပါးမှာ ချဲလ်ဆီးနှင့် ၉မှတ်ကွာနေပြီး၊ အဆင့် ၂နှင့် အဆင့် ၆ မန်ယူတို့ကြားတွင် အမှတ်ကွာခြားမှုမှာ ၅ မှတ်သာ  ရှိနေကြသည်။

ကွန်တီက "ကျနော်တို့ ၁၄ ပွဲကစားရဦးမှာပါ။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ဝင်မလာဖို့ အရေးကြီးပါတယ်"ဟု ပြောဆိုခဲ့သည်။

ချဲလ်ဆီးအသင်း ယနေ့ ကစားရမည့် ဘန်လေအသင်းမှာ အိမ်ကွင်း နောက်ဆုံး ၇ပွဲလုံး အနိုင်ကစားထားနိုင်သည့် အသင်းဖြစ်သည်။

 

U Myo Thant

<< Back EPL News


Advertisement
Here