Serie-A News

ပွဲရာပြည့် အယ်လီဂရီ

Feb 13 , 2017

နည်းပြ အယ်လီဂရီ၏ ဂျူဗင်တပ်ကို ကိုင်တွယ်ခဲ့သော ပွဲစဉ်မှာ ၁၀၀ပြည့်ခဲ့ပြီဖြစ်ပြီး ထိုရာပြည့်ပွဲတွင် ဟီဂူအင်၏ ဂိုးများဖြင့် ကက်ဂလီယာရီကို နိုင်ခဲ့ကာ စီးရီးအေ အမှတ်ပေးဇယားကို ၇ မှတ်ဖြတ်၍ ဦးဆောင်လျက် ရှိသည်။

စုစုပေါင်း ၂၄ ပွဲကစားပြီးရာတွင် လက်ရှိ ချန်ပီယံ ဂျူဗင်တပ်က အမှတ် ၆၀၊ ရိုးမားက ၅၃ မှတ်၊ နာပိုလီက ၅၁ မှတ်၊ အင်တာ၊ အတ္တလန္တာတို့က ၄၅ မှတ်စီဖြင့် အသီးသီး ရပ်တည်လျက် ရှိနေကြသည်။

နည်းပြ အယ်လီဂရီမှာ အာဆင်နယ်သို့ ပြောင်းရွှေ့လိမ့်မည်ဟု လွန်ခဲ့သော ရက်များက သတင်းထွက်ခဲ့သူဖြစ်ပြီး သူကိုယ်တိုင်ကမူ ဂျူဗင်တပ်ကို ပွဲ ၃၀၀ မှ ၄၀၀ အထိ ကိုင်တွယ်သွားလိုသေးသည်ဟု ပြောဆိုခဲ့သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here