EPL News

ပြစ်ဒဏ်ချခံရမည့် နည်းပြ

Feb 14 , 2017

ဝက်ဘရွန်းနှင့် ၂ဂိုးစီ သရေကျသော ပွဲစဉ်တွင် ထုတ်ပယ်ခံခဲ့ရသော ၀က်စ်ဟမ်းနည်းပြ ဘီလစ်မှာ FA ၏ အရေးယူခြင်းကို ခံရဦး မည် ဖြစ်သည်။

အသက် ၄၈ နှစ်အရွယ် ဘီလစ်မှာ နာကျင်အချိန်ပိုတွင် ၀က်ဘရွန်းအတွက် မက်အော်လေက ချေပဂိုး သွင်းလိုက်ချိန်တွင် TV မိုက်ခရိုဖုန်းကို မြေကြီးပေါ် ဆွဲယူလွှင့်ပစ်ခဲ့မှုကြောင့် ကွင်းလယ်ဒိုင် အိုလီဗာ က ထုတ်ပယ်ခံခြင်း ဖြစ်သည်။

အလားတူ ၀က်စ်ဟမ်း လက်ထောက်နည်းပြ ဂျာဆီဗစ်မှာလည်း ပွဲချိန် ၁၉ မိနစ်တွင် ထုတ်ပယ်ခံခဲ့ရပြီး လာမည့် ၁၆ ရက်နေ့ နောက်ဆုံးထား၍ အယူခံတင်နိုင်ကြောင်း သိရသည်။

အကယ်၍ ပြစ်ဒဏ်ကျခံရပါက ပွဲပယ်နှင့် ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခံရနိုင်ပြီး ၀က်စ်ဟမ်းအတွက် လာမည့် ပွဲစဉ်မှာ ၂၅ ရက်နေ့ ၀တ်ဖို့ဒ်နှင့် ပွဲ၊ မတ်လ ၆ရက် ချဲလ်ဆီးနှင့် ပွဲစဉ်များ ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here