Champions League

ယနေ့ညပွဲ ဆေးလ်ဗားလွဲမည်

Feb 14 , 2017

ယနေ့ည ဘာစီလိုနာနှင့် ကစားရမည့် ချန်ပီယံလိဂ် ရှုံးထွက် ပ/ကျော့ပွဲစဉ်တွင် PSG ကပ္ပတိန် နောက်ခံလူ ဆေးလ်ဗား ပါဝင်နိုင် မည် မဟုတ်ပေ။

ဆေးလ်ဗားမှာ ကြွက်သားဒဏ်ရာကြောင့် သောကြာနေ့ ဘော်ဒိုးနှင့် ပွဲစဉ်ကို လွဲချော်ခဲ့သကဲ့သို့ ယနေ့ည ပွဲကိုပါ လွဲချော်ခြင်း ဖြစ် သည်။

နည်းပြ အမ်မရီအနေနှင့် ကွင်းလယ်ကစားသမားတီယာဂို မော့တာ ပွဲပယ်ခံရချိန်တွင် ဆေးလ်ဗားကိုပါ လက်လွှတ်လိုက်ရ၍ အသင်း၏ အဓိက ကစားသမားအချို့ မပါဝင်နိုင်သည့်အပေါ် အခက်တွေ့နိုင် မည် ဖြစ်သည်။

PSG အနေနှင့် ဗဟိုခံစစ်မှုးနေရာကို အစားထိုးနိုင်ရေးအတွက် ချန်ပီယံလိဂ်ပွဲ မကစားဘူးသေးသော ကင်ပမ်ဘီကို အစားထိုးထည့် ကစားရမည် ဖြစ်သည်။

ကင်ပမ်ဟီနှင့် မာကွင်ဟိုတို့မှာ ဘာစီလိုနာတိုက်စစ်အတွဲဖြစ်သော မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်တို့ကို တားဆီးနိုင်မည်လားဆိုသည် ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here