AFC Cup News

AFC Cupတွင် အုပ်စုတက်ရန် မျှော်လင့်ဟုနည်းပြဆို

Feb 15 , 2017

2017 AFC Cup ပြိုင်ပွဲတွင် ရတနာပုံအသင်းအနေဖြင့် သုံးသင်းအုပ်စုတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းထဲမှ နှစ်သင်းမှာ အုပ်စုတက်မည်ဖြစ်သောကြောင့် မိမိတို့အသင်းအနေဖြင့် အုပ်စုတက်ရန် မျှော်လင့်ထားကြောင်း ရတနာပုံအသင်း လက်ထောက်နည်းပြ ဦးဇော်လေးအောင်က ပြောသည်။

"ကျွန်တော်တို့ ရှိတဲ့ ကစားသမားစာရင်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ အုပ်စုတွင်းမှာလည်း လာအိုကလပ် အသင်း နုတ်ထွက်သွားတော့ သုံးသင်းပဲ ကျန်တယ်။ သုံးသင်းထဲက နှစ်သင်းတက် မှာဆိုတော့ အုပ်စုတက်ဖို့ အခွင့်အရေးတွေ များတယ်။ ဒါကြောင့် အုပ်စုတက်ဖို့ မျှော်လင့်ထားပါတယ်။ အိမ်ကွင်းရော အဝေးကွင်းပါ ပွဲစဉ်အားလုံးကို အနိုင်ရဖို့ အာရုံစိုက် ကစားသွားမှာပါ။ ပြိုင်ဘက်အသင်း တွေရဲ့ ကစားထားတဲ့ ဗီဒီယိုဖိုင်တွေကြည့်ပြီး လေ့လာထားပါတယ်" ဟု ဦးဇော်လင်းအောင် က ပြောသည်။

ရတနာပုံအသင်းသည် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ အကြိုပွဲစဉ်တွင် ထိုင်းကလပ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် AFC Cup ပြိုင်ပွဲကို တစ်ဆင့်ဆင်းပြီး ယှဉ်ပြိုင်ရခြင်းဖြစ်ကာ ယင်းပြိုင်ပွဲ၌ အုပ်စု (H) တွင် ကျရောက်နေသည်။ အုပ်စု (H) တွင် လာအို ကလပ်အသင်း နုတ်ထွက်သွားသောကြောင့် ရတနာပုံအသင်းသည်  ဗီယက်နမ်ကလပ် Than Quang Ninh အသင်း၊ စင်ကာပူ ကလပ် Home United အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေကြောင်း သိရသည်။

အိမ်ကွင်းအဖွင့်ပွဲစဉ်အဖြစ် ရတနာပုံအသင်းသည် ဖေဖော်ဝါရီ ၂၂ရက်တွင် မန္တလေးမြို့ မန္တလာသီရိကွင်း၌ စင်ကာပူကလပ်  Home United အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here