EPL News

နားရဦးမည့် ဂျီးဆပ်

Feb 15 , 2017

မန်စီးတီးလူငယ်တိုက်စစ်မှုး ဂျီးဆပ်မှာ ခြေထောက်ကျိုးသော ဒဏ်ရာကြောင့် အနားယူရဦးမည် ဖြစ်သည်။

လွန်ခဲ့သော တနင်္လာနေ့ ဘုန်းမောက်ကို ၂-၀ဖြင့် နိုင်ခဲ့သောပွဲစဉ်တွင် ထိုဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ဆေးစစ်မှု ခံယူရဦးမည် ဖြစ် သည်။

လွန်ခဲ့သော ဇန်န၀ါရီလတွင် ဘရာဇီးကလပ် ပါးမီးယပ်စ်မှ ပေါင် ၂၇ သန်းဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့လာသူ ဘရာဇီးလက်ရွေး စင် ၁၉ နှစ်သား ဂျီးဆပ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲ ကစားခွင့်ရခဲ့ရာတွင် ၂ပွဲလုံး ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။

ပထမဆုံးပွဲစဉ် ၃ပွဲတွင် ပွဲတိုင်း ဂိုးသွင်းနိုင်သော တတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ရန် ဂျီးဆပ်က မျှော်လင့်ခဲ့သော် လည်း ဒဏ်ရာကြောင့် မျှော်လင့်ချက်များ ကုန်ဆုံးသွားခဲ့ရသည်။

မန်စီးတီးမှ အဒီဘာယောနှင့် ဘရိုင်နီတို့မှာ ၎င်းတို့ ပထမဆုံး ၀င်ကစားခွင့်ရသော ပရီးမီးယား ၃ပွဲတွင် ၃ပွဲလုံး ဂိုးသွင်းယူနိုင် ခဲ့ကြပြီး ဂျီးဆပ်မှာလည်း ၀က်စ်ဟမ်းနှင့် ပွဲတွင် ၁ဂိုး၊ ဆွမ်ဆီးနှင့် ပွဲတွင် ၂ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here