MNL News

AFC (C) လိုင်စင်နည်းပြ သင်တန်းဖွင့်လှစ်

Feb 16 , 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ AFC (C) လိုင်စင်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမူရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ သင်တန်းနည်းပြဆရာ Mr.Ardeshir Pour Nemat Nodeh (အီရန်)၊ ဦးထွန်းလှအောင် (တာဝန်ခံဒိုင်လုပ်ငန်းဌာန မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)၊ ဦးစိုးမိုးနိုင် (ဒုတိယညွှန်ကြားရေးမှုး တိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန)နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၁၅ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး အီရန်နိုင်ငံသား သင်တန်းနည်းပြ Mr.Ardeshir Pour Nemat Nodeh က သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား ၂၄ ဦးနှင့် လေ့လာသူသုံးဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အာရှဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နည်းပြ သင်တန်းများ ပို့ချလျက်ရှိရာ လက်ရှိတွင် AFC (C) လိုင်စင်အောင်မြင်သူ အမျိုး သား ၄၀၈ ဦးနှင့် အမျိုးသမီး ၅၀ ဦး စုစုပေါင်း ၄၅၈ ဦးရှိကြောင်း သိရသည်။

U Myo Thant

<< Back MNL News


Advertisement
Here