MNL News

MNL အမှတ်ပေးပြိုင်ပွဲ ဆက်လက်ကျင်းပမည်

Feb 16 , 2017

၂၀၁၇ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၆)ကို ယခုတစ်ပတ်ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှ သုံးသင်းစလုံးက ကစားပုံမာကျောသည့် အသင်းများနှင့် တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ် (၆)အဖြစ် ဖေဖော်ဝါရီ ၁၇ရက်တွင် မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် ရခိုင်အသင်း၊ ဖေဖော်ဝါရီ ၁၈ရက် တွင် တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်း၊ အောင်ဆန်းကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီအသင်း၊ ဖေဖော်ဝါရီ ၁၉ရက်တွင် သုဝဏ္ဏကွင်း၌ GFA အသင်းနှင့် ရန်ကုန်အသင်း၊ ဖေဖော်ဝါရီ ၂၀ရက် တွင် အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

AFC Cup ပြိုင်ပွဲကြောင့် ရတနာပုံ-ရခိုင်ပွဲကို တစ်ရက်စော၍ ကစားခဲ့ပြီး ဆောက်သမ်း-မကွေးပွဲကိုလည်း မတ်လ အတွင်းသို့ ရွှေ့ဆိုင်းခဲ့သည်။ ပွဲစဉ် (၅)အပြီးတွင် ရန်ကုန်အသင်းက ၁၃ မှတ်၊ လက်ရှိ ချန်ပီယံ ရတနာပုံအသင်းက ၁၁ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၀ မှတ်၊ ရခိုင်နှင့် ဇွဲကပင်အသင်းက ခုနစ်မှတ်စီ၊ GFA ၊ ဆောက်သမ်း၊ ဧရာဝတီနှင့် မကွေးအသင်းတို့က ငါးမှတ်စီ၊ ချင်းယူနိုက်တက်နှင့် နေပြည်တော်အသင်းတို့က လေးမှတ်စီ၊ ဟံသာဝတီအသင်းက သုံးမှတ်တို့ ရရှိထားသည်။

ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ရန်ကုန်အသင်းသည် တန်းတက် GFA နှင့် တွေ့ဆုံနေသော်လည်း GFA အသင်း၏ ကစားပုံ မာကျောမှုကြောင့် ခက်ခက်ခဲခဲကစားရဖွယ် ရှိနေသည်။

ရတနာပုံအသင်းသည်လည်း ရှုံးပွဲမရှိသေးသည့် ရခိုင်အသင်းနှင့် တွေ့ဆုံနေပြီး ငါးပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို နှစ်သင်းစလုံး ထိန်းသိမ်းနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည် ဖြစ်သည်။

ထို့ပြင် ရှမ်းယူနိုက်တက်အသင်းသည် ဧရာဝတီအသင်းနှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သော်လည်း နိုင်ပွဲပြန်ရရေးအတွက် ရုန်းကန်ရဖွယ်ရှိနေသည်။ ဧရာဝတီအသင်းသည် လေးပွဲဆက် နိုင်ပွဲပျောက် ဆုံးမှုကြောင့် ယခုပွဲတွင် အားထည့်ကစားဖွယ် ရှိနေသည်။

ပွဲစဉ် (၅) အပြီးတွင် ရှုံးပွဲမရှိသေးသည့်အသင်းအဖြစ် ရန်ကုန်၊ ရတနာပုံနှင့် ရခိုင်အသင်းတို့သာ ကျန်ရှိတော့ပြီး လက်ရှိအနေ အထားအရ ရရှိထားသည့် အမှတ်ကွာဟမှု အနည်းငယ်သာရှိသဖြင့် အကြိတ် အနယ်ဖြစ်ဖွယ် ရှိနေသည်။

 

U Myo Thant




<< Back MNL News


Advertisement
Here