La-liga News

စံချိန်ချိုး တဲ့ ဘင်ဇီမာ

Feb 16 , 2017

ရီးရဲလ် တိုက်စစ်မှုး ဘင်ဇီမာမှာ နာပိုလီနှင့် ကစားရသော ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်မှ အွန်နရီ၏ ပဉ္စမမြောက် ဂိုးသွင်းအများဆုံးနေရာကို ကျော်လွှားရယူနိုင်ခဲ့ပြီ ဖြစ်သည်။

ဘင်မီမာမှာ ချန်ပီယံလိဂ်ပွဲများတွင် စုစုပေါင်း ၅၁ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်သဖြင့် ချန်ပီယံလိဂ်ပွဲများတွင် ပဉ္စမမြောက် ဂိုး အများဆုံး သွင်းနိုင်သူနေရာကို ရရှိလာခြင်း ဖြစ်သည်။

ဘင်ဇီမာမှာ လာလီဂါပွဲစဉ်များတွင် ခြေစွမ်းပြ ဂိုးသွင်းနိုင်မှု နည်းပါးခဲ့ပြီး ယခုရာသီ လာလီဂါတွင် ၅ဂိုးသာ ရထားသူ ဖြစ်သည်။

ဘင်ဇီမာအနေနှင့် လာမည့်ရာသီတွင် ရီးရဲလ်၌ ဆက်ရှိရန် မသေချာပဲ ရီးရဲလ်အသင်းမှာ ဒေါ့မွန်မှ အော်ဘာမီရန်ကို  ခေါ်ရန် ကြိုး စားမည်ဟု သတင်းထွက်လျက်ရှိသည်။

ဘင်ဇီမာမှာ ချန်ပီယံလိဂ် ဂိုး ၅၁ ဂိုးကို လိုင်ယွန်နှင့် ရီးရဲလ်တို့အတွက် ကစားရင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်တွင် ဂိုး အများဆုံးသွင်းထားသူ ထိပ်ဆုံး ၄ဦးမှာ စီရိုနယ်ဒို (၉၅ ဂိုး)၊ မက်ဆီ (၉၃ ဂိုး)၊ ရာအူးလ် (၇၁ ဂိုး)နှင့် နစ္စတယ်ရွိုင်း (၅၆ ဂိုး) တို့ ဖြစ်ကြသည်။

U Myo Thant

<< Back La-liga News


Advertisement
Here