MNL News

အသင်းဟောင်းနှင့် ပွဲတွင်အနိုင်ကစားမည့် ဒွေးကိုကိုချစ်

Feb 17 , 2017

ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆)တွင် ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အသင်းဟောင်းနှင့် ပွဲတွင် အာရုံစူးစိုက်မှု အပြည့်အ၀ထားရှိပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ရခိုင်ယူနိုက်တက်အသင်းခေါင်းဆောင် ဒွေးကိုကိုချစ်က ပြောသည်။

"ရတနာပုံအသင်းနဲ့ ပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။ ဒီပွဲက တခြားပွဲတွေနဲ့ မတူပါဘူး။ တစ်ချိန်က အသင်းဖော်ဟောင်းတွေနဲ့ ပြိုင်ဘက်တွေဖြစ်နေလို့ မိနစ် ၉၀စလုံး အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားမှာပါ" ဟု ဒွေးကိုကိုချစ်က ပြောသည်။

ဒွေးကိုကိုချစ်သည် ရတနာပုံအသင်းတွင် နှစ်အတန်ကြာ ကစားခဲ့သူဖြစ်ပြီး ၂၀၁၆ ရာသီတွင် ရခိုင်ယူနိုက်တက်အသင်း သို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။

"ကျွန်တော် အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီပွဲကို အကောင်းဆုံးဦးဆောင်ကစားသွားမှာပါ။ ကစားသမားတွေ အားလုံးကလည်း စိတ်ဓာတ်မြင့်တက်နေတဲ့ အချိန်ဆိုတော့ ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ" ဟု ဒွေးကိုကိုချစ်က ပြော သည်။

ရတနာပုံအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီတွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ယင်းနှစ်သင်းစလုံးမှာ ယခု ရာသီတွင် ရှုံးပွဲမရှိစံချိန်ရရှိထားသော အသင်းနှစ်သင်းဖြစ်ကာ ရတနာပုံအသင်းမှာ အဆင့်(၂)တွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းမှာ အဆင့်(၄)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

U Myo Thant

<< Back MNL News


Advertisement
Here