MNL News

စာချုပ်ချုပ်ဆိုရန် ကျော်ဇေယျာဝင်း စင်ကာပူနိုင်ငံသို့ ထွက်ခွာ

Feb 17 , 2017

ဧရာဝတီယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ကျော်ဇေယျာဝင်းသည် အသင်းမှပြောင်းရွှေ့ခွင့်ပြုခဲ့ပြီဖြစ်သောကြောင့် Balestier Khalsa အသင်းနှင့် စာချုပ်ချုပ်ဆိုရန် ယမန်နေ့ နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသည်။

စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသော ကျော်ဇေယျာဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်း၌ စင်ကာပူနိုင်ငံသို့ ရောက်ရှိကာ S-League ကလပ် Balestier Khalsa အသင်းနှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။

Balestier Khalsa အသင်းသည် ကျော်ဇေယျာဝင်းအား ဆေးစစ်မှုများပြုလုပ်ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုသွားမည် ဖြစ်သည်။ Balestier Khalsa အသင်း၏ တတိယမြောက် မြန်မာကစားသမားခေါ်ယူမှု အဖြစ် ဧရာဝတီယူနိုက်တက်အသင်း ကစား သမား ကျော်ဇေယျာဝင်းကို တစ်လလျှင် စင်ကာပူဒေါ်လာ ၂၈၀၀ ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တစ်ရာသီစာချုပ် ချုပ်ဆိုသွား မည် ဖြစ်သည်။ ကျော်ဇေယျာဝင်း အပြောင်းအရွှေ့နှင့် ပတ်သက်၍ ဧရာဝတီယူနိုက်တက်အသင်းသည် Balestier Khalsa အသင်းထံမှ လျော်ကြေးတောင်းခံခဲ့ပြီး လျော်ကြေးအဖြစ် ငွေကျပ်သိန်း ၁၀၀ ခန့် ရရှိခဲ့သည်ဟု သိရသည်။ ယင်းထဲ တွင် ဧရာဝတီ ယူနိုက်တက်အသင်းထံ စင်ကာပူကလပ်မှ အမေရိကန်ဒေါ်လာ ၆၀၀၀ နှင့် ကာယကံရှင် ကျော်ဇေယျာဝင်းက အမေရိကန်ဒေါ်လာ ၃၀၀၀ ပေးချေခဲ့ရကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here