Europa League

စိတ်လှုပ်ရှားရသော ပိုဂဘာ

Feb 17 , 2017

ပြိုင်ဘက်ကစားသမားများအဖြစ် ညီအစ်ကို ၂ဦးကွင်းအတွင်း ပြန်တွေ့ကြခြင်းမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားစရာဖြစ်ရကြောင်း မန်ယူစတား ပိုဂဘာက ပြောဆိုခဲ့သည်။

ပိုဂဘာ ပါဝင်သော မန်ယူအသင်းမှာ ယူရိုပါလိဂ် ရှုံးထွက် အဆင့်ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် စိန့်အက်တိုင်းနီးတွင် ကစားနေသော အကိုတော်သူ ဖလော်ရန်တင် ပိုဂဘာနှင့် ကွင်းအတွင်း ပြိုင်ဘက် ကစား သမားအဖြစ် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

ဖလော်ရန်တင် ပိုဂဘာမှာ ၁၉၉၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၃ မှစ၍ စိန့်အက်တိုင်းနီးတွင် နောက်ခံလူအဖြစ် ကစားနေ သူဖြစ်ကာ မန်ယူမှ ပေါလ် ပိုဂဘာမှာ ၁၉၉၃ တွင် မွေးဖွားခဲ့ကာ ဂျုဗင်တပ်မှ တစ်ဆင့် မန်ယူသို့ ပြန်ရောက်လာသူ မန်ယူ ကစားသမားဟောင်း ကွင်းလယ် တိုက်စစ်သမား ဖြစ်သည်။

ယခုပွဲစဉ်ကို ပိုဂဘာတို့၏ မိခင်ဖြစ်သူ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး မန်ယူက အီဘရာဟင်မိုဗစ်၏ ပက်ထရစ်ဂိုးများဖြင့် ပထမ အကျော့ကို အနိုင်ရရှိခဲ့သည်။

U Myo Thant




<< Back Europa League


Advertisement
Here