Gossips

ဆော်ဒီပြောင်းမယ့် ကလက်တန်ဘာ့ဂ်

Feb 17 , 2017

ကမ္ဘာ့ဘောလုံးလောကတွင် နာမည်ကြီး ဒိုင်လူကြီးတစ်ဦးဖြစ်သော ကလက်တန်ဘာ့ဂ်မှာ ပရီးမီးယားလိဂ်ဒိုင်တာဝန်များမှ အနားယူကာ ဆော်ဒီ ဒိုင်လူကြီးများ အကြီးအကဲအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်တော့မည်ဟု သိရသည်။

အသက် ၄၁ နှစ်အရွယ် ကလက်တန်ဘာ့ဂ်မှာ ပြီးခဲ့သော ယူရို ၂၀၁၆ ဖိုင်နယ်၊ ချန်ပီယံလိဂ်ဖိုင်နယ်နှင့် FA ဖလားဖိုင်နယ် ပွဲစဉ် များတွင် ကွင်းလယ်ဒိုင်လူကြီးများ အကြီးအကဲမှာ ထိုရာထူးမှ လွန်ခဲ့သော ၁၁ ရက်က အနားယူသွားခဲ့ခြင်း ဖြစ်သည်။

ကလက်တန်ဘာ့ဂ်အနေနှင့် လာမည့် ပရီးမီးယားပွဲစဉ် ပြန်လည်မစတင်မီ ဆော်ဒီ ဒိုင်အကြီးအကဲရာထူးကို ရယူသွားရန် မျှော် လင့်နေကြောင်း သိရသည်။

ကလက်တန်ဘာ့ဂ်မှာ အသက် ၂၅ နှစ်အရွယ် ၂၀၀၀ပြည့်နှစ်တွင် ဘောလုံးလိဂ်ပွဲများ၌ ဒိုင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပြီး ၄နှစ်အကြာတွင် ပရီးမီးယားလိဂ်ဒိုင်တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်သည်။

ဆော်ဒီတွင် ပရိသတ် ၆သောင်းကျော်စီရှိသော ကလပ်ကြီး ၅ခုရှိပြီး ၂၀၀၉ နောက်ပိုင်းမှစ၍ အာရှချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ် များသို့ ၃ကြိမ် တက်ရောက်နိုင်ခဲ့ကြသည်။

ကလက်တန်ဘာ့ဂ် ပြောင်းရွှေ့သွားပါက ပရီးမီးယားလိဂ်အနေနှင့် ကွင်းလယ်ဒိုင်လူကြီးကောင်းတစ်ဦးကို လက်လွှတ်ဆုံးရှုံး ရခြင်းပင် ဖြစ်သည်။

U Myo Thant

<< Back Gossips


Advertisement
Here