EPL News

အေဂျက်ကိုငြင်းတဲ့ အီတူး

Aug 21 , 2014

တိုက်စစ်မှူးအီတူးသည် အေဂျက်၏ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး အဲဗာတန်နှင့် လီဗာပူးတို့ထံမှ ကမ်းလှမ်းလာမှုကို သာ စောင့်မျှော်နေကြောင်း သိရသည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သော အီတူးမှာ ချဲလ်ဆီးမှာ ထွက်ခွာခွင့်ရထားသူဖြစ်ပြီး အဲဗာတန်၊ လီဗာပူး စသည့် ပရီးမီးယားလိဂ် ကလပ်တွင်သာ ဆက်ကစားလိုသူ ဖြစ်သည်။

သို့သော် လီဗာပူးမှာ မိုနာကိုမှ တိုက်စစ်မှူး ဖယ်ကာအိုကိုသာ ပို၍လိုလားနေသည့် အသင်းဖြစ်သည်။

လီဗာပူးအသင်းမှာ ဆွာရက်ဇ်ကို ရောင်းထုတ်ခဲ့ပြီးနောက်ပိုင်း တိုက်စစ်တွင် လမ်းဘတ်တစ်ယောက်သာ ခေါ်ထားဆဲဖြစ်ကာ လိုင်လီထံမှ ခေါ်ယူထားသော အိုရီဂီကိုမူ ယင်းကလပ်သို့ပင် အငှားပြန်ချထားခဲ့သည်။

နောက်ဆုံးသတင်းအရ လီဗာပူးက ဖယ်ကာအိုကို အငှားစာချုပ်ဖြင့် ပေါင် ၁၀ သန်းပေးမည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။

U Myo Thant




<< Back EPL News


Advertisement
Here