Gossips

ဘာကာသို့ ဂွာဒီယိုလာ မပြန်ပါ

Feb 18 , 2017

ဘာစီလိုနာစတား မက်ဆီက နည်းပြဟောင်း ဂွာဒီယိုလာအနေနှင့် ဘာစီလိုနာသို့ ပြန်လာလျှင် ကောင်းမည်ဟု ဆိုသော်လည်း နည်းပြ ဂွာဒီယိုလာကမူ စပိန်သို့ ပြန်ရန်စိတ်ကူးမရှိကြောင်း ပြောဆိုလိုက်သည်။

ဘာစီလိုနာအသင်းမှာ ချန်ပီယံလိဂ် ရှုံး/ထွက် ပကျော့တွင် PSG ကို ၄ဂိုးပြတ်ဖြင့် ရှုံးခဲ့ရပြီးနောက် လက်ရှိ နည်းပြ အင်းနရစ်ခ်ျ အပေါ် ဖိအားတိုးစေခဲ့ပြီး နည်းပြအပြောင်းအလဲလုပ်လိမ့်မည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ဂွာဒီယိုလာမှာ လောလောဆယ်တွင် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကို ကိုင်တွယ်လျက်ရှိပြီး၊ ယနေ့ညတွင် FA ဖလား ရှုံး/ ထွက်ပွဲအဖြစ် ချန်ပီယံရှစ် အဆင့် (၃)မှ ဟတ်ဒါဖီးလ်အသင်းနှင့် ကစားရမည်ဖြစ်ကာ လာမည့် ၂၁ရက်နေ့တွင် မိုနာကိုနှင့် ချန်ပီယံလိဂ် ရှုံး/ထွက်ပွဲ ကစားရမည် ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ၁၃ပွဲ ကစားရန်ကျန်ရှိချိန်၌ ဇယားထိပ်မှ ချဲလ်ဆီးနှင့် ၈ မှတ်ကွာဟနေသော်လည်း ချန်ပီယံဆုကို မျှော် မှန်းနိုင်သော အနေအထားတွင် ရှိနေဆဲ ဖြစ်သည်။

ဘာစီလိုနာနှင့်အတူ ဆုဖလား ၁၄လုံး ရယူခဲ့သော ဂွာဒီယိုလာက သူနှင့် ဘာစီလိုနာတို့ ဇာတ်လမ်းမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး မည်သည့်အချိန်တွင်မျှ နောက်ကြောင်းပြန်လှည့်မည်မဟုတ်ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Gossips


Advertisement
Here