Europe News

ကွင်းရွေးတော့မည့် ဂျာမနီ

Feb 18 , 2017

ယူရို ၂၀၂၄ ကျင်းပခွင့်ရရေးအတွက် ၀င်ရောက်အရွေးခံမည့် ဂျာမနီမှာ ပြိုင်ပွဲကျင်းပမည့် ကွင်းများကို စတင်ရွေးချယ်တော့ မည် ဖြစ်သည်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်အနေနှင့် အနည်းဆုံး ပရိသတ် ၃သောင်း ၀င်ဆံ့သော ကွင်းများထဲမှ အသင့်တော်ဆုံး ကွင်းများ ကို ရွေးချယ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျင်းပခွင့်အတွက် လျှောက်ထားသော ကွင်း ၁၈ ကွင်းရှိနေပြီ ဖြစ်သည်။

ဂျာမနီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂရင်ဒယ်က ဒေသအသီးသီးမှ ကွင်းများအနေနှင့် ယူရိုပြိုင်ပွဲအတွက် သင့်တော်ကြောင်း စိတ်ဝင် တစား လျှောက်ထားလာကြမှုအပေါ် များစွာဂုဏ်ယူမိပါကြောင်း မိမိတို့အနေနှင့် ပြိုင်ပွဲအတွက် အသင့်တော်ဆုံးဖြစ်မည့် ကွင်းမျိုး များကို ရွေးချယ်ကာ အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်အနေနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲ အိမ်ရှင်ဖြစ်ရေး စိတ်ဝင်စားကြောင်းကို လာမည့် မတ်လ ၃ရက်နေ့တွင် ဥရောပဘောလုံးအဖွဲ့ချုပ်သို့ တရားဝင်အကြောင်းကြားရမည်ဖြစ်ပြီး ရွေးချယ်ထားသော ကျင်းပမည့်ကွင်းများစာရင်းကို စက်တင် ဘာလတွင် တင်ပြရမည် ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်အနေနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို မည်သည့်နိုင်ငံက ကျင်းပခွင့်ရမည်နှင့် ပတ်သက်၍ ၂၀၁၈ စက်တင်ဘာလတွင် ဆုံးဖြတ်မည် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here