EPL News

နည်းပြဆက်လုပ်မည့် ၀င်းဂါး

Feb 18 , 2017

အာဆင်နယ် နည်းပြ ၀င်းဂါးက သူ့အနေနှင့် လာမည့် ရာသီတွင် နည်းပြ ဆက်လုပ်နေဦးမည်ဟု ပြောဆိုလိုက်သည်။

အသက် ၆၇ နှစ်ရှိပြီဖြစ်သော ၀င်းဂါးက လာမည့် ရာသီတွင် နည်းပြပြုလုပ်နေဦးမည်ဟုဆိုခဲ့သော်လည်း အာဆင်နယ်တွင် ဆက်ရှိမည်ဟု အာမခံပြောကြားခဲ့ခြင်းမျိုး မရှိသကဲ့သို့ နိုင်ငံအသင်းနည်းပြ ဖြစ်လာမည်လားဆိုသည်ကိုလည်း ရှင်းလင်း စွာ ပြောဆိုခဲ့ခြင်း မရှိပေ။

အာဆင်နယ်အသင်းသို့ ရောက်လာသည်မှာ နှစ်ပေါင်း ၂၀ ရှိလာပြီဖြစ်သော်လည်း အဓိက အမှတ်ပေးဆုဖလားကို မရတော့ခြင်းနှင့်အတူ ပြီးခဲ့သော ချန်ပီယံလိဂ် ရှုံး/ထွက် ပ/ကျော့တွင် ဘိုင်ယန်ကို ၅-၁ဖြင့် ပြတ်သားစွာ ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ် ကစားသမားဟောင်းကြီးများက ၀င်းဂါးအနေနှင့် အာဆင်နယ်ကို စွန့်ခွာရန် အချိန်တန်ပြီဟု ပြောဆိုခဲ့ကြသည်။

ဝင်းဂါးအနေနှင့် လက်ရှိ စာချုပ်မှာ ရာသီကုန်တွင် ပြည့်မည်ဖြစ်ပြီး လာမည့် မတ်လ (သို့မဟုတ်) ဧပြီလတွင် သက်တမ်းတိုးရန် ကမ်းလှမ်းခြင်းခံရလိမ့်မည်ဟု ရာသီအစကတည်းက မျှော်လင့်ခဲ့သူ ဖြစ် သည်။

ဝင်းဂါးမှာ အာဆင်နယ်သို့ ပရီးမီးယားချန်ပီယံအဖြစ် ၂၀၀၄ ခုနှစ်တွင် ရရှိအောင် နောက်ဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး FA ဖလား ကို ၂၀၀၅၊ ၂၀၁၄နှင့် ၂၀၁၅ တို့တွင် ရခဲ့ကာ နှစ်စဉ်ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့ ခြင်းကြောင့် အသင်းက ကျေနပ်နေသော်လည်း ဆုဖလားနှင့် ဝေးကွာနေခြင်းကြောင့် ပရိသတ်များ၏ ဝေဖန်မှုများကို တိုးတိုး၍ ခံနေရလျက် ရှိသည်။

U Myo Thant




<< Back EPL News


Advertisement
Here