AFC Cup News

မကွေးအသင်း ဖိလစ်ပိုင်သို့ ထွက်ခွာ

Feb 20 , 2017

2017 AFC Cup ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အဝေးကွင်းကစားရမည့် မကွေးအသင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

AFC Cup အုပ်စု အဖွင့်ပွဲစဉ်အဖြစ် မကွေးအသင်းသည် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနှင့် ဖေဖော်ဝါရီ ၂၁ရက်တွင် မနီလာမြို့ရှိ Rizal Memorial Stadium ၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံမကွေးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး AFC Cup ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အုပ်စု(F) တွင် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်း၊ မလေးရှားကလပ် ဂျိုဟိုးအသင်း၊ ကမ္ဘောဒီးယားကလပ် Boeung Ket Angkor အသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။

အလားတူ ရတနာပုံအသင်းမှာ AFC Cup အဖွင့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် စင်ကာပူကလပ် ဟုမ်းယူနိုက်တက် အသင်းနှင့် တွေ့ဆုံနေပြီး အိမ်ကွင်းအဖြစ် မန္တလေးမြို့ မန္တလာသီရိကွင်း၌ လက်ခံကစားသွားမည် ဖြစ်သည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သော်လည်း ခြေ စစ်ပွဲအကြိုအဆင့်မှာပင် ထိုင်းကလပ်ကို ရှုံးနိမ့်ပြီး ထွက်ခဲ့ရသောကြောင့် ယင်းပြိုင်ပွဲထက် တစ်ဆင့်နိမ့်သည့် AFC Cup ကို ယှဉ် ပြိုင်ရခြင်း ဖြစ်သည်။

2017 AFC Cup ပြိုင်ပွဲတွင် ရတနာပုံအသင်းသည် အုပ်စု(H) ၌ စင်ကာပူကလပ် ဟုန်းယူနိုက်ကတ်၊ ဗီယက်နမ်ကလပ် Than Quang Ninh အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး သုံးသင်း အုပ်စုဖြစ်သောကြောင့် ရတနာပုံအသင်းမှာ အုပ်စုတက်ရန် အခြေအနေကောင်းများရှိနေကြောင်း သိရသည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here