FA Cup News

မန်ယူနှင့် ချဲလ်ဆီးတွေ့မည်

Feb 20 , 2017

FA ဖလား ကွာတားဖိုင်နယ် ပွဲစဉ်များကို ရေးဆွဲခဲ့ရာ လက်ရှိ ချန်ပီယံ မန်ယူမှာ ပရီးမီးယား ဇယားထိပ်မှ ချဲလ်ဆီးနှင့် အဝေးကွင်းပွဲ ကစားရတော့မည် ဖြစ်သည်။

မန်ယူအသင်းမှာ FA ဖလားသမိုင်းတွင် အာဆင်နယ်နှင့်အတူ အအောင်မြင်ဆုံးအသင်းအဖြစ် ချန်ပီယံ ၁၂ကြိမ်စီ ရခဲ့သည့် အသင်းဖြစ်ပြီး၊ အာဆင်နယ်နှင့် စံချိန်တူပင် ဗိုလ်လုပွဲသို့ ၁၉ ကြိမ် တက်ရောက်နိုင်သည့် အသင်းဖြစ်သည်။

ချဲလ်ဆီးအသင်းမှာ ချန်ပီယံ လက်စတာကို ကျော်လွှားနိုင်ခဲ့သော မီဝေါလ်အသင်းမှာ ကွာတားဖိုင်နယ်တွင် စပါးနှင့် အဝေးကွင်းပွဲ ကစားရမည်ဖြစ်ပြီး၊ ဆပ်တန်နှင့် အာဆင်နယ်ပွဲမှ နိုင်သော အသင်းမှာ လင်ကွန်းနှင့် အိမ်ကွင်းပွဲ ကစားရမည် ဖြစ်သည်။

မစ်ဒယ်ဘရော့အသင်းမှာလည်း ဟတ်ဒါဖီးလ်နှင့် မန်စီးတီးပွဲမှ နိုင်သော အသင်းနှင့် အိမ်ကွင်းပွဲကစားရမည် ဖြစ်သည်။

မန်စီးတီးနှင့် ဟတ်ဒါဖီးလ်တို့ ပြန်ကန်ပွဲကို လာမည့် ၂၈ ရက်နေ့တွင် မန်စီးတီးအိမ်ကွင်း၌ ကစားရမည် ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များကို လာမည့် မတ်လ ၁၁ရက် စနေနေ့တွင် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

U Myo Thant

<< Back FA Cup News


Advertisement
Here