Gossips

အသင်းရှာနေတဲ့ ဘာဘာတော့ဗ်

Feb 20 , 2017

လောလောဆယ် အသင်းလက်ကိုင်မရှိသော တိုက်စစ်မှုး ဘာဘာတော့ဗ်မှာ အသက် ၃၆ နှစ်အရွယ်သို့ ရောက်လာပြီဖြစ်သော် လည်း ကစားနိုင်မည့် ကလပ်တစ်ခုကို ရှာဖွေလျက်ရှိသည်။

မန်ယူ၊ စပါးတို့တွင် ကစားခဲ့ဖူးသော ဘူလ်ဂေးရီးယားသား ဘာဘာတော့ဗ်မှာ ၂၀၁၆ ဇွန်လတွင် ဂရိကလပ် PAOK နှင့် စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူတစ်ဦး ဖြစ်သည်။

လေဗာကူဆင်၊ မိုနာကိုတို့တွင်လည်း ကစားခဲ့သည့် ဘာဘာတော့ဗ်က "တကယ်လို့ ခင်ဗျား ကစားချင်နေသေးတယ်ဆိုရင် ဘယ်အသင်းက ကိုယ့်ကိုခေါ်နိုင်မလဲဆိုတာ အမြဲ နားစွင့်နေရမှာပါ။ ကျနော် ပုံမှန်လေ့ကျင့်နေသလို ကြံ့ခိုင်ရေးကလည်း အေးဆေး ပါ။ ကျနော်အရွယ်နဲ့ အတူတူဖြစ်ပေမယ့် ကစားနေကြသေးတဲ့ ကစားသမားတွေရှိနေသလို ကျနော် ကစားချင်တာဟာလည်း မ လွန်လောက်ပါဘူး" ဟု ပြောဆိုသွားခဲ့သည်။

ဘာဘာတော့ဗ်မှာ မန်ယူနှင့်အတူ ပရီးမီးယားချန်ပီယံ ၂ကြိမ် ရခဲ့ပြီး ၂၀၁၁-၁၂တွင် တီဗက်ဇ်နှင့် အတူ တစ်ရာသီလုံး ဂိုးသွင်း အများဆုံး စံချိန်ကို တင်ထားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here