AFC Cup News

အိမ်ကွင်းပွဲစဉ် လက်မှတ်ဈေးနှုန်းများထုတ်ပြန်

Feb 21 , 2017

ရတနာပုံအသင်းသည် AFC Cup 2017 အုပ်စုအဖွင့်ပွဲစဉ်ကို အိမ်ကွင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ယင်းပွဲစဉ်အတွက် ပွဲကြည့်ခွင့်လက်မှတ်ဈေးနှုန်းများကို ထုတ်ပြန်ခဲ့သည်။

AFC Cup 2017 အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရတနာပုံအသင်းသည် စင်ကာပူကလပ် ဟုမ်းယူနိုက်တက်အသင်းနှင့် ဖေဖော်ဝါရီ ၂၂ရက်တွင် မန္တလာသီရိကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါပွဲစဉ်အတွက် ပွဲကြည့်ခွင့်လက်မှတ်ဈေးနှုန်း ကို မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များထက် တိုးမြှင့်ကာ အထူးတန်း ငွေကျပ် ၃၀၀၀ နှင့် ရိုးရိုးတန်း ငွေကျပ် ၂၀၀၀ သတ်မှတ်ခဲ့ပြီး ယမန်နေ့မှ စတင်ကာ မန္တလေးမြို့၌ ရောင်းချပေးလျက် ရှိသည်။

အဆိုပါ လက်မှတ်များကို မန္တလေးမြို့ဗထူးကွင်း၌လည်းကောင်း၊ မန္တလာသီရိအားကစားကွင်းဝင်ပေါက်နှင့် ၇၃လမ်း Ocean ၌ လည်းကောင်း၊ M-21 Sport Collection လမ်း ၃၀နှင့် (၆၆x၆၇) ကြား၌ လည်းကောင်း ၀ယ်ယူအားပေးနိုင်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here