AFC Cup News

အကောင်းဆုံးပြင်ဆင်ထားကြောင်း မကွေးနည်းပြပြော

Feb 21 , 2017

AFC Cup 2017 ပြိုင်ပွဲကို ပထမဆုံး အတွေ့အကြုံအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာနေရှင်နယ်လိဂ်ကလပ် မကွေးအသင်း သည် ဖေဖော်ဝါရီ ၂၁ရက်တွင် ဖိလစ်ပိုင်ကလပ်နှင့် အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် အကောင်းဆုံးပြင်ဆင်ထားကြောင်း မကွေးအသင်းနည်းပြချုပ် ဦးဇော်ဝင်းထွန်းက မနီလာမြို့၌ ယမန်နေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"ကျွန်တော်တို့အတွက် ပထမဆုံး အတွေ့အကြုံဆိုပေမယ့် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒီအုပ်စုထဲမှာ ဂျိုဟိုး အသင်းကလွဲလို့ ကျန်တဲ့ အသင်းတွေအကြောင်း သိပ်မသိပေမယ့် အသင်းတိုင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပွဲရလဒ်အနေနဲ့ကတော့ ပြောလို့မရသေးပါဘူး။ အသင်းမှာ အားထားရတဲ့ ပြည်ပကစားသမား မိုက်ကယ်ကတော့ ဗီဇာ အခက် အခဲကြောင့် ပါမလာခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ အနိုင်ရလဒ်အတွက်ပဲ ယှဉ်ပြိုင်သွားမှာပါ" ဟု ဦးဇော်ဝင်းထွန်းက ပြောသည်။

မကွေးအသင်းသည် AFC Cup အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းနှင့် ဖေဖော်ဝါရီ ၂၁ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ မြန်မာစံတော်ချိန် ညနေ ၆နာရီတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ပြီး FOX  Sport နှင့် ဖိလစ်ပိုင်ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here