Champions League

သတိပေးတဲ့ ဂွာဒီယိုလာ

Feb 21 , 2017

ဥရောပမှ လူအများအနေနှင့် မိမိတို့ကို စောင့်ကြည့်လေ့လာနေသဖြင့် ယနေ့ညပွဲတွင် မိမိတို့ ရှုံးခဲ့ပါက ကိုယ့်ကိုယ်ကို သတ် သကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာက အသင်းသားများကို သတိပေးလိုက်သည်။

မန်စီးတီးအသင်းမှာ ယနေ့ညတွင် ချန်ပီယံလိဂ် ရှုံး/ထွက် ပထမအကျော့အဖြစ် အိမ်ကွင်းတွင် မိုနာကိုအသင်းကို လက်ခံကစား ရမည် ဖြစ်သည်။

မိုနာကို အသင်းမှာ ပြင်သစ်လိဂ်ဝမ်းကို ဦးဆောင်နေသော အသင်းဖြစ်ပြီး ယခုရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် ပရီးမီးယားလိဂ်ကလပ် စပါးကို နှစ်ကျော့စလုံး ၂-၁ ရလဒ်များဖြင့် အနိုင်ရခဲ့သည့် အသင်းဖြစ်သည်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာမှာ နည်းပြအဖြစ် ဘာစီလိုနာနှင့် ဘိုင်ယန်တို့ကို ကိုင်တွယ်ခဲ့စဉ်က စုစုပေါင်း ၇ရာသီတွင် အနည်း ဆုံး ဆီမီးဖိုင်နယ်အထိ ရောက်အောင်စွမ်းဆောင်ခဲ့သူဖြစ်ပြီး ချန်ပီယံ ၂ကြိမ်ရခဲ့သူ ဖြစ်သည်။

သို့သော် ဥရောပထိပ်တန်းလိဂ်များတွင် ဂိုးသွင်းအများဆုံးအသင်းတစ်သင်းအဖြစ် နာမည်ရနေသော မိုနာကိုနှင့် တွေ့ရမည့် ပွဲ အတွက် အနည်းငယ် စိုးရိမ်လျက် ရှိနေသည်။

မန်စီးတီးအသင်းဘက်တွင် အသင်းခေါင်းဆောင် ကွန်ပနီ၊ လူငယ် တိုက်စစ်မှုး ဂျီးဆပ်၊ ကလစ်ချီစသည့် ကစားသမားများ ပါဝင်နိုင်မည် မဟုတ်ပေ။

U Myo Thant

<< Back Champions League


Advertisement
Here