Bundesliga News

သက်တမ်းတိုးမည့် ဒေါ့မွန်နည်းပြ

Feb 21 , 2017

ဒေါ့မွန်အသင်းအနေနှင့် နည်းပြ တူချယ်ကို သက်တမ်းတိုးပေးရန် စီစဉ်နေကြောင်း အသင်း CEO ၀စ်ဇကီက ပြောဆိုလိုက်သည်။

ဒေါ့မွန်အသင်းမှာ ပြိုင်ပွဲပေါင်းစုံအတွက် နောက်ဆုံး ၅ပွဲတွင် အဝေးကွင်းပွဲ ၂ပွဲကို ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်း ၃ပွဲကို အနိုင်ရရှိခဲ့သည်။

လက်ရှိ အနေအထားတွင် ဒေါ့မွန်မှာ အမှတ်ပေးဇယား တတိယနေရာတွင် ရှိနေသော်လည်း ဇယားထိပ်နှင့် ၁၃ မှတ်၊ ဒုတိယနေ ရာနှင့် ၈မှတ် ကွာဟနေဆဲ ဖြစ်သည်။

ချန်ပီယံလိဂ် ရှုံး/ထွက် ပထမအကျော့ အဝေးကွင်းပွဲတွင် ဘင်ဖီကာကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် နည်းပြ တူချယ်၏ အနာဂတ်ကို လူအများက စိတ်ဝင်စားလာချိန်၌ ယခုကဲ့သို့ သက်တမ်းတိုးပေးမည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

တူချယ်မှာ ၂၀၁၅ တွင် နည်းပြကလော့ပ်(လီဗာပူးသို့ ရွှေ့ခဲ့သူ) နေရာကို ဆက်ခံကာ ဒေါ့မွန်နည်းပြဖြစ်လာခဲ့ပြီး ထိုရာသီကုန်တွင် အသင်းမှာ အမှတ်ပေးဇယား ဒုတိယနေရာရခဲ့ကာ ဂျာမန်ဖလား ဗိုလ်လုပွဲသို့လည်း တက်ရောက်စေနိုင်ခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here