EPL News

ဗိုလ်လုပွဲမသေချာသော ရွန်းနီ

Feb 21 , 2017

ဒဏ်ရာရှိနေသော မန်ယူတိုက်စစ်မှုး ရွန်းနီမှာ ဆောက်သင်တန်နှင့် ကစားရမည့် EFL ဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ပါဝင်ရန် မသေချာသေးဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

ရွန်းနီမှာ ဒဏ်ရာကြောင့် မန်ယူ၏ နောက်ဆုံး ၃ပွဲလုံးတွင် မပါဝင်နိုင်ခဲ့ပဲ မနက်ဖြန် စိန့်အက်တိုင်းနီးနှင့် ကစားရမည့် ယူရိုပါလိဂ် ရှုံး/ထွက်ပွဲတွင်လည်း ပါဝင်နိုင်မည် မဟုတ်ပေ။

မန်ယူဘက်တွင် ရွန်းနီ၊ ဖီးလ်ဂျုန်းတို့ ဒဏ်ရာရှိနေပြီး EFL ဗိုလ်လုပွဲကို လာမည့် တနင်္ဂနွေနေ့တွင် ၀င်ဘလေကွင်းကြီး၌ ကစားကြ ရမည် ဖြစ်သည်။

မော်ရင်ဟိုက ရွန်းနီနှင့် ဂျုန်းတို့မှာ ဒဏ်ရာရှိနေခြင်းကြောင့် ယူရိုပါလိဂ်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း၊ ၎င်းတို့ ၂ဦးမှာ ယခုထိ လေ့ ကျင့်ရေးလည်း မဆင်းနိုင်သေးကြောင်း ပြောဆိုသွားခဲ့သည်။

ရွန်းနီမှာ မော်ရင်ဟိုလက်ထက်တွင် ဖိအားရှိနေပြီး ပရီးမီးယား ၂၅ ပွဲတွင် ၈ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here