AFC Cup News

AFC Cup အဖွင့်ပွဲတွင် မကွေးရှုံးနိမ့်

Feb 22 , 2017

၂၀၁၇ AFC Cup ပြိုင်ပွဲအုပ်စု (F) ပထမပွဲအဖြစ် ဂလိုဘယ်(ဖိလစ်ပိုင်)နှင့် မကွေး(မြန်မာ)အသင်းသည် ယမန်နေ့ ညနေ ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Rizall Memorial ကွင်း၌ ယှဉ်ပြိုင်ကစားရာ ဂလိုဘယ်အသင်းက ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ သည်။

AFC Cup ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရခဲ့သည့် မကွေးအသင်းသည် အဖွင့်ပွဲတွင် ရလဒ်မကောင်းခဲ့ဘဲ ဖိလစ်ပိုင်ကလပ် ဂလိုဘယ်အသင်းကို အရှုံးပေးခဲ့ရသည်။ မကွေးအသင်းသည် ဂလိုဘယ်အသင်းနှင့် ခြေစွမ်းပိုင်းအရ ကွာခြားမှုမရှိသော်လည်း ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ပွဲအစတွင် နှစ်သင်းစလုံးထိန်းကစားနေသောကြောင့် ပွဲအေးတစ်ပွဲဖြစ်ခဲ့ပြီး ဂလိုဘယ်အသင်းဂိုးရပြီးမှသာ ပွဲအရှိန်မြင့်လာ ခဲ့သည်။ ဂလိုဘယ်အသင်းအတွက် ဂိုးကို ၃၉ မိနစ်တွင် ဘာဟာဒိုရန်က မကွေး နောက်တန်း၏ အမှားကို အသုံးချကာ သွင်းယူ ခဲ့ခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး နှစ်သင်းစလုံးဂိုးထပ်ရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ မကွေးအသင်းသည် ကစားသမားအပြောင်းအလဲများလုပ်ကာ တိုက်စစ်အား မြှင့်ခဲ့သော်လည်း အဝေးကွင်းတွင် ချေပဂိုး  ရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေ။

မကွေးအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် မတ် ၇ရက်တွင် မလေးရှားကလပ် ဂျိုဟိုးဒါရူးလ်အသင်းနှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း ၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

U Myo Thant

<< Back AFC Cup News


Advertisement
Here