Champions League

နှုတ်ထွက်သွားသော နည်းပြ

Feb 22 , 2017

အင်္ဂလန်ချန်ပီယံရှစ်ကလပ်တစ်ခုဖြစ်သော ဘလက်ဘန်းအသင်းမှ နည်းပြ အိုဝင်ကွိုင်လီမှာ ရာထူးမှ နှုတ်ထွက်သွားပြီ ဖြစ် သည်။

အသက် ၅၀ရှိပြီဖြစ်သော ကွိုင်လီမှာ ဘလက်ဘန်းကို ၂၀၁၆ ဇွန်လတွင် စတင်တာဝန်ယူခဲ့သော်လည်း စုစုပေါင်း ၃၇ ပွဲတွင် ၁၁ ပွဲသာ အနိုင်ရကာ ချန်ပီယံရှစ် အမှတ်ပေးဇယားတွင်လည်း တန်းဆင်းဇုန်လွတ်သည့်နေရာနှင့် ၃မှတ်အကွာ အဆင့် ၂၃ တွင် သာ ရပ်တည်နေရဆဲ ဖြစ်သည်။

ကွိုင်လီ နောက်ဆုံး ကိုင်တွယ်ခဲ့သော ပွဲစဉ်မှာ လွန်ခဲ့သော တနင်္ဂနွေနေ့က FA ဖလား ပဉ္စမဆင့် ရှုံးထွက်ပြိုင်ပွဲအဖြစ် မန်ယူနှင့် ကစားခဲ့သောပွဲဖြစ်ပြီး ကံဆိုးစွာပင် ၁-၂ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

အသင်းအနေနှင့် လုံခြုံစိတ်ချရသောအဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းနိုင်ရေးအတွက် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း အသင်းဝက်ဆိုက်တွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာလမှစ၍ နိုင်ပွဲနှင့် ဝေးနေသော ဘလက်ဘန်းအသင်းမှာလာမည့် သောကြာနေ့တွင် သူကဲ့သို့ပင် ရုန်းကန်နေရသော ဘာတန်အသင်းနှင့် ကစားရမည်ဖြစ်ပြီး လက်ထောက်နည်းပြ စတီးဝပ်၊ အရန်အသင်းနည်းပြ ဟင်နရီနှင့် ဂိုးနည်းပြ ဟုခ်ျတို့မှာလည်း ကွိုင်လီနှင့် အတူ အသင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။

 

U Myo Thant




<< Back Champions League


Advertisement
Here