Champions League

ပယ်နယ်တီလွဲတဲ့ ဖယ်ကာအို

Feb 22 , 2017

မိုနာကို တိုက်စစ်မှုး ဖယ်ကာအိုမှာ အချိန်ကောင်းတွင် ပယ်နယ်တီရခဲ့သော်လည်း လွဲချော်ခဲ့ရပြီး ထိုလွဲချော်မှုသည် ပွဲအနေအထား ကို အပြောင်းအလဲဖြစ်သွားစေခဲ့သည်ဟု မိုနာကို နည်းပြ ဂျာဒင်က ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ် ရှုံး/ထွက် ပထမအကျော့အဖြစ် မန်စီးတီးနှင့် မိုနာကိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မိနစ် ၅၀ အထိ မိုနာကိုက ၁-၂ဖြင့် ဦးဆောင်နေခဲ့ပြီး ထိုအချိန်တွင် မိုနာကိုပင် ပယ်နယ်တီကန်ခွင့် ရရှိခဲ့သည်။

ဂိုးဝင်ခဲ့ပါက ၁-၃ဖြင့် ဦးဆောင်ခွင့်ရရှိမည်ဖြစ်သော်လည်း လွဲချော်သွားခဲ့ကာ ၅၈ မိနစ်တွင် မန်စီးတီးက ချေပဂိုး ရရှိသွားခဲ့သည်။

၆၁ မိနစ်တွင် ဖယ်ကာအိုက မိုနာကိုအတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့သော်လည်း ၇၁ မိနစ်၊ ၇၇ မိနစ်၊ ၈၂ မိနစ်တို့တွင် အိမ်ရှင် မန်စီးတီးက ဂိုးများဆက်တိုက် သွင်းယူကာ ၅-၃ဖြင့် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

မိုနာကိုအနေနှင့် ဒုတိယအကျော့ကို အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး အဝေးကွင်း ဂိုး ၃ဂိုး ရရှိထားခြင်းကြောင့် ၂ဂိုးပြတ် အနိုင် ရလဒ်မျိုး ရရှိပါက နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်မည် ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here