EPL News

အမေရိကန်တွင် ကစားမည့် ဒါဘီပွဲ

Feb 23 , 2017

အင်္ဂလန်ပရီးမီးယားလိဂ်မှ မန်ချက်စတာမြို့ခံ ၂သင်းဖြစ်သော မန်ယူနှင့် မန်စီးတီးတို့မှာ လာမည့် နွေတွင် အမေရိကန်၌ ရာသီကြို ဒါဘီခြေစမ်းပွဲကစားရန် ဆွေးနွေးနေကြောင်း သိရသည်။

၎င်း ၂သင်းမှာ လွန်ခဲ့သော နွေကလည်း ရာသီကြို ခြေစမ်းပွဲကစားခဲ့ကြပြီး သွားရောက်ကစားခဲ့သော တရုတ်ပြည်မှ ဘောလုံး ကွင်းမြေအနေအထား မကောင်းမှုကြောင့်  ၂သင်းလုံးက ထိုအပေါ်တွင် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

မန်ချက်စတာဒါဘီ ခြေစမ်းပွဲကို အင်္ဂလန်ပြည်ပ၌ ပထမဆုံး ကစားကြခြင်းအဖြစ် တရုတ်ပြည်တွင် လွန်ခဲ့သောနွေက ကစားခဲ့ကြပြီး ၂ သင်းလုံးက ကွင်းမြေအနေအထားအပေါ် ဝေဖန်သွားခဲ့ကြသည်။

ထို့ကြောင့် အမေရိကန်တွင် ကစားရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ ထိုပွဲစဉ်ကစားရန် နှစ်ဘက် နှစ်ဘက်သဘောတူညီမှု မ ရသေးသော်လည်း အခြေအနေကောင်းမည်ဟု ယူဆရသည်။

မန်စီးတီးအသင်းမှာ လာမည့်နွေတွင် အမေရိကန် အနောက်အလယ်ပိုင်းဒေသသို့လည်းကောင်း၊ အနောက်ဘက် ကမ်းခြေသို့ သွားရောက်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here