Gossips

တရုတ်ပြည်ရောက် ရွန်းနီအေးဂျင့်

Feb 23 , 2017

အင်္ဂလန်နှင့် မန်ယူအသင်းခေါင်းဆောင် ရွန်းနီ၏ အေးဂျင့်ဖြစ်သူမှာ ရွန်းနီ၏ စူပါလိဂ်သို့ ပြောင်းရွှေ့နိုင်မှုနှင့် ပတ်သက်၍ တရုတ်ပြည်သို့ ရောက်ရှိနေကြောင်း သိရသည်။

အေးဂျင့် စထရက်ဖို့ဒ်မှာ တရုတ်ပြည်သို့ ရောက်နေသည်ဆိုသော်လည်း တရုတ်စူပါလိဂ် အပြောင်းအရွှေ့ကာလမှာ လာမည့် ၂၈ ရက်နေ့ နောက်ဆုံးဖြစ်သဖြင့် ယခုလောလောဆယ်တွင် ရွန်းနီ ပြောင်းရွှေ့ရေးမှာ မဖြစ်နိုင်ဟုလည်း အချို့က ခန့်မှန်းပြော ဆိုခဲ့ကြသည်။

၃၁ နှစ်ရှိပြီဖြစ်သော ရွန်းနီမှာ မန်ယူသို့ နည်းပြသစ် မော်ရင်ဟိုရောက်လာပြီးနောက် နံပါတ်တစ် ဦးစားပေးကစားသမားဘ၀ကို လက်လွှတ်ခဲ့ရပြီး အရန်ခုံတွင် မကြာခဏ ထိုင်နေရသူ ဖြစ်သည်။

တရုတ်သမ္မတ ဇီ၏ ခရေဇီအသင်းတစ်သင်းဖြစ်သော ဘေဂျင်းဂူအန်အသင်းမှာ ရွန်းနီကို အခေါ်ယူလိုဆုံးကလပ်တစ်ခုဟု ဆို သည်။

ရွန်းနီ၏ မန်ယူနှင့် အင်္ဂလန်အသင်းဖော်ဟောင်းများကမူ ရွန်းနီအနေနှင့် မန်ယူမှ မထွက်မဖြစ် ထွက်မည်ဆိုလျှင်လည်း အခြားဥရောပလိဂ်တစ်ခုခုသို့သာ သွားသင့်ကြေင်း အကြံပေး ပြောဆိုခဲ့ကြသည်။

 

U Myo Thant




<< Back Gossips


Advertisement
Here