Gossips

ပွဲစဉ်ဇယားကို မော်ရင်ဟို ဝေဖန်

Feb 23 , 2017

ယူရိုပါလိဂ်ပွဲမတိုင်မီ ၃ရက်အလိုတွင် ချဲလ်ဆီးနှင့် FA ဖလား ကွာတားဖိုင်နယ်ကစားရမည့် ပွဲစဉ်ဇယား ရေးဆွဲထားမှုနှင့် ပတ်သက်၍ မန်ယူနည်းပြ မော်ရင်ဟိုက ပြစ်တင်ဝေဖန်လိုက်သည်။

မန်ယူအသင်းမှာ ယူရိုပါလိဂ်တွင် စိန့်အက်တိုင်းနီးကို နှစ်ကျော့ပေါင်း ၄-၀ဖြင့် အနိုင်ရရှိကာ ကွာတားအကြို ၁၆သင်းအဆင့် သို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ထိုအဆင့်တွင် မည်သည့်အသင်းနှင့် တွေ့ရမည်ကိုမူ မနက်ဖြန် သောကြာညတွင်မှ သိရမည် ဖြစ်သည်။

သို့သော် ပွဲကစားမည့်ရက်ကို သတ်မှတ်ထားပြီဖြစ်ပြီး ချဲလ်ဆီးနှင့် FA ဖလားပွဲကစားပြီး ၃ရက်အကြာတွင် ယင်း ယူရိုပါလိဂ်ပွဲ ကစားရမည် ဖြစ်သည်။

ချဲလ်ဆီးနှင့် ပွဲမှာ ကွာတားဖိုင်နယ်ပွဲဖြစ်သဖြင့် အထူးအလေးထားကြိုးစားရမည့်ပွဲဖြစ်သည့်အပြင် ယူရိုပါလိဂ်တွင်လည်း ပေါ့ဆ၍ မရသဖြင့် ပွဲကစားရမည့် ရက် ကပ်နေမှုကို မော်ရင်ဟိုက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းမှာ ဖလားရနိုင်သည့် အကောင်းဆုံး အခွင့်အရေးအဖြစ်လာမည့် တနင်္ဂနွေနေ့တွင် ၀င်ဘလေ၌ ဆောက်သင် တန်နှင့် EFL ဖလား ဗိုလ်လုပွဲ ကစားရတော့မည် ဖြစ်သည်။

သို့သော် ထိုပွဲတွင် ရွန်းနီ မသေချာသကဲ့သို့ အမ်ခီတာရန်နှင့် ကာရစ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မည် မဟုတ်ကြောင်း သိရ သည်။

U Myo Thant

<< Back Gossips


Advertisement
Here