La-liga News

အသင်းကိုသတိပေးတဲ့ မာဆယ်လို

Feb 23 , 2017

ဗလင်စီယာအသင်းနှင့် ကစားခဲ့သော အဝေးကွင်းပွဲစဉ်တွင် မမျှော်လင့်ပဲ ၂-၁ဖြင့် ရှုံးခဲ့ရပြီးနောက် ရီးရဲလ်ကစားသမား မာဆယ်လိုက အသင်းအနေနှင့် အမှားမှတစ်ဆင့် သင်ခန်းစာရယူသင့်ကြောင်း ပြောဆိုလိုက်သည်။

အဆင့် ၁၅ တွင်သာရှိနေသော ဗလင်စီယာအသင်းမှာ ဇယားထိပ်မှ ရီးရဲလ်ကို ပွဲစပြီး ၉ မိနစ်အတွင်း ၂ဂိုးဆက်တိုက်သွင်းယူခဲ့ သဖြင့် ရီးရဲလ်မှာ အနောက်မှ လိုက်ကစားခဲ့ရကာ စီရိုနယ်ဒို သွင်းပေးသော ချေပဂိုးတစ်ဂိုးနှင့်သာ ကျေနပ်ခဲ့ရသည်။

နည်းပြ ဇီဒန်း ကိုင်တွယ်နေသော ရီးရဲလ်အသင်းမှာ ယခုနှစ်အတွင်း အရှုံး ၃ပွဲအထိ ကြုံလာရပြီး တစ်ပွဲပို ကစားထားသော ဘာစီလိုနာထက် ၁မှတ်အသာ အနေအထားတွင်သာ ရှိနေသည်။

မာဆယ်လိုက မိမိတို့အနေနှင့် အရှုံးကို လက်ခံရမည်ဖြစ်သော်လည်း နောက်ထပ်မကြုံရေးအတွက် သတိကြီးစွာ ထားရ မည်ဖြစ်ကြောင်း၊ ချန်ပီယံဖြစ်လိုပါက လာမည့် ရာသီကုန်အထိ တစ်ပွဲချင်းစီအပေါ် အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ ဗလင်စီယာနှင့် ပွဲတွင် အကောင်းဆုံး ပြန်ကြိုးစားခဲ့သော်လည်း အခွင့်အရေးမှာ နည်းပါးသွားခဲ့ကြောင်း၊ ထိုသို့သော ခက်ခဲသည့် ပွဲမျိုးမှာ ရှေ့တွင် ကြုံလာနိုင်သေးသဖြင့် ကစားသမားအားလုံး သတိထားကြရန်လိုကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back La-liga News


Advertisement
Here