EPL News

လက်ရှိချန်ပီယံနည်းပြ ထွက်ရပြီ

Feb 24 , 2017

၂၀၁၅-၁၆ရာသီတွင် ဘောလုံးပရိသတ်များကို အံ့ဩစေလောက်အောင် ပရီးမီးယားချန်ပီယံဆုကို ရခဲ့သည့် လက်စတာအသင်း မှာ ယခုအခါ နည်းပြ ရေနီယာရီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

ပရီးမီးယားလိဂ်ဖလားရရှိပြီး ၉လအကြာတွင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကာ EFL ဖလားပွဲ၊ FA ဖလားပွဲများမှ ထွက်ခဲ့ရသည့် လက်စတာမှာ ပထမဆုံးဝင်ခွင့်ရဲခဲ့သည့် ချန်ပီယံလိဂ်တွင် ရှုံး/ထွက်အဆင့်၌ ပထမအကျော့ကို ၂-၁ဖြင့် ရှုံးထားပြီဖြစ်ကာ ပရီးမီးယားလိဂ်တွင်လည်း ချန်ပီယံဘွဲ့ကို ကာကွယ်ရေးထက် တန်းမဆင်းရရေးကို ဦးစားပေးနေရပြီး ၂၅ ပွဲကစား ၂၁ မှတ်ဖြင့် အဆင့် ၁၇ တွင် ရပ်တည်နေရ ဆဲ ဖြစ်သည်။

ဇယားအောက်ဆုံးမှ ဆန်းဒါးလန်းနှင့် ၂မှတ်သာ အသာစီးရထားခြင်းကြောင့် တန်းဆင်းဇုန်ထဲ အချိန်မရွေးကျရောက် သွားနိုင်သော အနေအထား ဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်သော ရေနီယာရီမှာ ယခုရာသီတွင် အသင်းကို ပရီးမီးယားနိုင်ပွဲ ၅ပွဲသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်း၏ ဆိုးရွားလွန်းလှသော ရလဒ်များအတွက် အများကပင် နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။

လက်စတာအသင်းမှာ ဆီဗီးလားနှင့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲတစ်ပွဲကျန်ရှိနေပြီး ပရီးမီးယားတွင် လီဗာပူး၊ အာဆင်နယ်၊ စပါး၊ မန်စီးတီးစသည့် အသင်းကြီးများနှင့် ကစားရန် ကျန်ရှိနေသည့်အပြင် ဟောလ်စီးတီး၊ ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ် စသော တန်းဆင်းဇုန်အသင်းများနှင့်ပါ ဆုံရဦးမည်ဖြစ်သဖြင့် နှစ်ပေါင်း ၈၀ခန့်အတွင်း ပထမဆုံး တန်းဆင်းရသည့် လက်ရှိ ချန်ပီယံအသင်းဖြစ်လာနိုင်သော အခြေအနေပင် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here