EPL News

ယန်းကို ရှန်ဒေါင်းကမ်းလှမ်း

Feb 24 , 2017

တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်းလူနင်မှာ မန်ယူမှ အက်ရှ်လေယန်းကို ခေါ်ယူရန်ကြိုးစားနေကြောင်း သိရသည်။

စူပါလိဂ်အပြောင်းအရွှေ့ကာလမှာ လာမည့် ၂၈ ရက်နေ့ နောက်ဆုံးဖြစ်ပြီး ယင်းနောက်ဆုံးအချိန်မတိုင်မီ ယန်း ကို ပြောင်းရွှေ့ကြေးပေါင် ၁၀သန်းဖြင့် ခေါ်ယူနိုင်ရန် ရှန်ဒေါင်းကလပ်က မျှော်လင့်လျက် ရှိသည်။

မန်ယူသို့ မော်ရင်ဟို ရောက်ရှိလာပြီးနောက် ယန်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရပြီး ပုံမှန်ကစားခွင့်ရရေးမှာ အခြား အသင်းသို့ ရောက်မှသာ ဖြစ်နိုင်မည့် သဘောဖြစ်သည်။

ဖူလ်ဟမ်နည်းပြဟောင်းတစ်ဦးဖြစ်သူ ဖိလစ်မာဂက်သ်ကိုင်တွယ်နေသော ရှန်ဒေါင်းအသင်းမှာ ယန်း၏ ထိုသတင်းကို သိထားခြင်းကြောင့် ခေါ်ယူခွင့်ရရေး ကြိုးစားနေခြင်း ဖြစ်သည်။

မော်ရင်ဟိုအနေနှင့် ယန်းကို ယခင်က နေရာမပေးခဲ့သော်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေး၊ FA ဖလားနှင့် EFL ဖလားပြိုင်ပွဲများတွင်  အခြေအနေကောင်းရေးနှင့် ယူရိုပါလိဂ်တွင်လည်း အောင်မြင်နိုင်ရေး စသော မျှော်လင့်ချက်များကို အသင်းတွင် ဆက်ထိန်းထားရန် လိုအပ်သည်ကို သိရှထားသူဖြစ်ခြင်းကြောင့် ယန်းကို ထုတ်ရောင်းရေးမှာ ဖြစ်နိုင်ခြေ နည်းပါးလှကြောင်း ဘောလုံးဝေဖန်သူများက ထောက်ပြ ခဲ့ကြသည်။

U Myo Thant

<< Back EPL News


Advertisement
Here