EPL News

အသင်းကိုဝေဖန်တဲ့ အဲရစ်ဆန်

Feb 24 , 2017

ဂျန့်နှင့် ကစားခဲ့သော ယူရိုပါလိဂ် ရှုံး၊ ထွက် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် ၂ဂိုးစီ သရေသာကစားနိုင်ခဲ့ ပြီး နှစ်ကျော့ပေါင်း၂-၃ဖြင့် ရှုံးကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် စပါး၏ ကစားပုံနှင့် ပတ်သက်၍ အဲရစ်ဆန်က ဝေဖန်ပြစ်တင်လိုက် သည်။

စပါးအသင်းမှား ပထမအကျော့ အဝေးကွင်းပွဲတွင် ၁-၀ဖြင့် ရှုံးထားသဖြင့် ယခုပွဲတွင် ၂ဂိုးပြတ်နိုင်မှသာ နောက်တစ်ဆင့် တက်မည်ဖြစ်သောကြောင့် ဖိအားအချို့နှင့် အတူ ပွဲကို စတင်ခဲ့သည်။

စပါးအတွက် ဦးဆောင်ဂိုးကို အဲရစ်ဆန်က ၁၀ မိနစ်တွင် သွင်းယူခဲ့သော်လည်း ဟယ်ရီကိန်းက မိနစ် ၂၀ တွင် ကိုယ့်ဂိုးကိုယ့်သွင်းခဲ့သောကြောင့် ပထမပိုင်းတွင် ၁-၁ုရလဒ်ဖြစ်နေခဲ့သည်။ အသင်းမှ အား ထားရသော အလီမှာ ၃၉ မိနစ်တွင် တိုက်ရိုက်အနီဖြင့် အထုတ်ခံခဲ့ရ၍ စပါးအသင်း တစ်ယောက်လျော့သွားခဲ့ကာ ၆၁ မိနစ်တွင် ၀န်ယာမာက ဦးဆောင် ဂိုး ပြန်သွင်းခဲ့သော်လည်း ဂျန့်အသင်းက ၈၂ မိနစ်တွင် ချေပဂိုး ပြန်သွင်းသွားသောကြောင့် စပါးအသင်း  အိမ်ပြန်စော သွားခြင်း ဖြစ်သည်။

အဲရစ်ဆန်က မိမိတို့အနေနှင့် ပထမပိုင်းတွင် ဂိုးများများ သွင်းထားနိုင်မည့် အခြေအနေကို မျှော်လင့်ခဲ့သော်လည်း ဟယ်ရီကိန်း ကိုယ့်ဂိုးကိုယ့်သွင်းမှုနှင့် အလီ ထုတ်ခံရမှုတို့ကြောင့် ထင်တိုင်း မပေါက်ဖြစ်ခဲ့ရကြောင်း မည်သို့ပင်ဖြစ်စေ ယခုရှုံးပွဲမှာ အသင်းသား အားလုံးတွင် တာဝန်ရှိကြောင်း ပြောဆိုသွားခဲ့သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here