Europe News

EFL ဖိုင်နယ် ရွန်းနီပါမည်

Feb 25 , 2017

တနင်္ဂနွေနေ့ EFL ဖလား ဗိုလ်လုပွဲတွင် မန်ယူမှ အမ်ခီတာရန် ဒဏ်ရာကြောင့် မပါနိုင်သဖြင့် အသင်းခေါင်းဆောင် ရွန်းနီ ပါ လာနိုင်မည် ဖြစ်သည်။

ရွန်းနီမှာ တရုတ်စူပါလိဂ်သို့ ပြောင်းလိမ့်မည်ဟု နာမည်ကြီးနေသော်လည်း ရွန်းနီက သူ့အနေနှင့် မန်ယူတွင် ဆက်နေဦးမည်ဟု ယမန်နေ့က ပြောဆိုခဲ့သည်။

အင်္ဂလန် အသင်းခေါင်းဆောင်လည်းဖြစ်သော ရွန်းနီမှာ ယခုရာသီ မော်ရင်ဟိုလက်ထက်၌ ပုံမှန် ကစားခွင့်မရခဲ့ပဲ မန်ယူရှေ့တန်းတွင် အီဘရာဟင်မိုဗစ်၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်တို့ကသာ အများဆုံး ပါဝင်ခွင့်ရခဲ့ကြသည်။

ဝင်ဘလေကွင်းကြီးတွင် ကျင်းပမည့် ယင်းဗိုလ်လုပွဲသို့ တက်ရောက်လာသော အခြားအသင်းမှာ ဆောက်သင်တန် ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here