Europe News

ရော့စတော့နှင့် တွေ့မည့် မန်ယူ

Feb 25 , 2017

မန်ယူအသင်းမှာ လာမည့် ယူရိုပါလိဂ် ရှုံး၊ ထွက်အဆင့်တွင် ရုရှကလပ် ရော့စတော့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ယူရိုပါလိဂ်တွင် ပရီးမီးယားလိဂ်အသင်းဟူ၍ မန်ယူတစ်သင်းတည်းသာ ကျန်ရှိတော့ပြီး အဆင့်နိမ့်လွန်းသော ရော့ စတော့နှင့် တွေ့ရမည်ဖြစ်၍ ဗိုလ်စွဲနိုင်ရန် ရေပန်းအစားဆုံးအသင်းအဖြစ် လောင်းကြေးဒိုင်များက ယူဆထား ကြသည်။

မန်ယူအသင်းအနေနှင့် ရုရှကလပ်နှင့် ကစားရမည့် အဝေးကွင်းပွဲအတွက် ခရီးဝေးသည့် ပင်ပန်းမှုဒဏ်ကို ခံရနိုင်ပြီး၊ ၁၅ ရက်အတွင်း ၅ပွဲ ကစားရမည့် ပွဲစဉ်ဇယားအတွက်လည်း နည်းပြ မော်ရင်ဟိုက စိတ်ပျက်လျက် ရှိသည်။

မန်ယူမှာ မတ်လ ၄ရက်တွင် ပရီးမီးယား အိမ်ကွင်းပွဲအဖြစ် ဘုန်းမောက်၊ ၉ရက်နေ့တွင် ယူရိုပါလိဂ် အဝေးကွင်း ပွဲအဖြစ် ရော့စတော့၊ ၁၃ရက်နေ့တွင် FA ဖလား ကွာတားဖိုင်နယ် အဝေးကွင်းပွဲအဖြစ် ချဲလ်ဆီး၊ ၁၆ ရက်နေ့တွင် ယူရိုပါလိဂ် အိမ်ကွင်းပွဲအဖြစ် ရော့စတော့၊ ၁၉ ရက်နေ့တွင် မစ်ဒယ်ဘရော့နှင့် ပရီးမီးယား အဝေးကွင်းပွဲများ ကစားရမည် ဖြစ်သည်။

UEFA အဆင့် သတ်မှတ်ချက် ၉၃ တွင်သာရှိနေသော ရော့စတော့မှာ ဆောင်းရာသီ အားလပ်ရက်အဖြစ် အနား ရနေပြီး၊ လောလောဆယ် ရုရှလိဂ် အဆင့် ၇တွင်ရှိနေကာ ပြည်တွင်းလိဂ် နောက်ဆုံး ၈ပွဲတွင် အနိုင် ၂ပွဲသာ ရှိသော်လည်း ယူရိုပါလိဂ်တွင် စပါတာပရပ်ကို နှစ်ကျော့ပေါင်း ၅-၁ဖြင့် ကျော်ခဲ့သော အသင်းဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here