EPL News

လက်စတာကို ဘယ်သူရောက်မလဲ?

Feb 25 , 2017

လွန်ခဲ့သော ၉လက အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်စေခဲ့သော နည်းပြ ရေနီယာရီကို လက်စတာအသင်းက ထုတ်ပယ်ခဲ့ ပြီးနောက် နည်းပြသစ်ကို ရှာဖွေလျက် ရှိနေသည်။

အသင်းအတွက် သမိုင်းဝင် အောင်မြင်မှုကို ရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ အသင်းရလဒ်များမှာ မျှော်လင့်ထားသည် ထက်ပင်ဆိုးခဲ့ပြီး လက်ရှိ ပရီးမီးယား ၂၅ ပွဲတွင် ၅ပွဲသာ အနိုင်ကစားထားခဲ့သည်။

မန်စီးတီးကို ၄၄ နှစ်အတွင်း ပရီးမီးယားချန်ပီယံ ပထမဆုံး ပြန်ဖြစ်စေခဲ့ပြီး ၂၀၀၁တွင် အသင်းအတွက် ၄ပွဲကစားပေးခဲ့ဘူးသူ နည်းပြ မန်ချီနီမှာ လက်စတာနည်းပြဖြစ်လာရန် ထိပ်ဆုံးမှ ရေပန်းစားနေခဲ့သည်။

ယခုရာသီ  လက်ကျန် ၁၃ ပွဲတွင် ရလဒ်ကောင်းရန်နှင့် တန်းမဆင်းရရေး ကြိုးပမ်းပေးနိုင်ရန် တာဝန်ရှိလာမည့် နည်းပြဖြစ်လာနိုင်သူစာရင်းထဲတွင် ပါဝင်နေသော အခြားသူများမှာ ဟစ်ဒင့်၊ အိုနေးလ်၊ ပီယာဆင်၊ ဟော့ဒ်ဆန်၊ ဒီဘိုဝါး၊ ပါဂျူး၊ ရှိတ်စပီးယား၊ ရိုဝက်၊ ရက်ဒ်နက်တို့ ဖြစ်ကြသည်။

U Myo Thant

<< Back EPL News


Advertisement
Here