Europe News

ကံကောင်းခဲ့တဲ့ မန်ယူ

Feb 27 , 2017

ယမန်နေ့က ကျင်းပခဲ့သော EFL ဖလားဗိုလ်လုပွဲတွင် ဆောက်သင်တန်အသင်းမှာ မန်ယူဘက်သို့ ဖိအားပေးကစားနိုင် ခဲ့သော်လည်း သွင်းဂိုးတစ်ဂိုးကို လူကျွံဘောဟု သတ်မှတ်ခဲ့ခြင်း၊ တိုင်ထိထွက်သွားခြင်းစသော ကံဆိုးမှုများကြောင့် ၃-၂ဖြင့် ရှုံးနိမ့်ကာ ဒုတိယဆုနှင့် ကျေနပ်လိုက်ရပြီ ဖြစ်သည်။

မန်ယူအသင်းမှာ မိုဗစ်၊ လင်ဂတ်တို့၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ဆောက်သင်တန်ဘက်မှ ဂက်ဘီဒီနီက ချေပဂိုး များ ပြန်သွင်းခဲ့ကာ ပွဲမှာ အကြိတ်အနယ် ရှိခဲ့သည်။

မန်ယူအနေနှင့် ထူးခြားသော ခြေစွမ်းမျိုး မပြနိုင်ခဲ့ပဲ ဆောက်သင်တန် တိုက်စစ်ကို အသည်းအသန် ခုခံကာကွယ်ခဲ့ရကာ ပွဲချိန် ၈၇ မိနစ်တွင် မမျှော်လင့်သော မိုဗစ်၏ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယခုပွဲသို့ ပရိသတ် ၈သောင်းကျော် လာရောက်အားပေးခဲ့ကြပြီး မန်ယူနည်းပြ မော်ရင်ဟိုအတွက် မန်ယူနှင့်အတူ ပထမဆုံး ဖလားရခဲ့ခြင်းဖြစ်က ဆွီဒင် တိုက်စစ်မှုး မိုဗစ်အတွက်လည်း အင်္ဂလန်မြေသို့ ရောက်သည့် ရာသီမှာပင် ဖလားတစ်လုံးစရ ခဲ့ခြင်း ဖြစ်သည်။

၁၉၆၀မှစ၍ စတင်ကျင်းပခဲ့သော အင်္ဂလန်လိဂ်ဖလား EFL ပွဲများတွင် လီဗာပူးက ချန်ပီယံ ၈ကြိမ်ဖြင့် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး မန်ယူ၊ ချဲလ်ဆီး၊ အက်စတန်ဗီလာအသင်းများက ၅ ကြိမ်စီဖြင့် ဒုတိယအအောင်မြင်ဆုံး အသင်း များ ဖြစ်ကြသည်။

U Myo Thant

<< Back Europe News


Advertisement
Here