EPL News

အဆင့်တက်လာသော စပါး

Feb 27 , 2017

မန်စီးတီး၊ အာဆင်နယ်တို့ မကစားရသော ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းမှာ စတုတ်အသင်းကို ၄-၀ဖြင့် အနိုင် ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာသို့ တက်လာပြီ ဖြစ်သည်။

ယခုပွဲတွင် စပါး တိုက်စစ်မှုး ဟယ်ရီကိန်း ဟက်ထရစ်ရခဲ့ပြီး၊ ယင်းမှာ ကိန်းအတွက် ၉ပွဲတွင် တတိယမြောက် ဟက်ထရစ် သွင်း ယူနိုင်ခြင်း ဖြစ်သည်။

ယူရိုပါလိဂ်မှာ ထွက်ခဲ့ရပြီဖြစ်သော စပါးအသင်းမှာ ပရီးမီးယားနှင့် FA ဖလားပွဲများသာ ကစားရန် ကျန်ရှိနေပြီး၊ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပရီးမီးယားလိဂ်ပွဲများကို ပို၍ ဦးစားပေးသွားလိမ့်မည်ဟု ယူဆရသည်။

စပါးအသင်းမှာ ဇယားထိပ်မှ ချဲလ်ဆီးအသင်းနှင့် ၁၀ မှတ်ကွာနေသော်လည်း တစ်ပွဲလျော့ ကစားထားသည့် မန်စီးတီးထက် ၁မှတ်၊ တစ်ပွဲလျော့ အာဆင်နယ်ထက် ၃ မှတ် အသာစီးရထားကာ လက်ကျန်ပွဲများတွင် ထိပ်ပိုင်းအသင်းများထဲမှ အာဆင်နယ်၊ မန်ယူ တို့နှင့်သာ  ကစားရန် ကျန်ရှိနေသော အသင်းဖြစ်သည်။

ဇယားထိပ်မှ ချဲလ်ဆီးမှာ မန်စီးတီး၊ မန်ယူ၊ အာဆင်နယ် အသင်းများနှင့် ကစားရန် ကျန်ရှိနေသေးသည်။

U Myo Thant

<< Back EPL News


Advertisement
Here