EPL News

သက်တမ်းတိုးမည့် လူကာကူ

Feb 28 , 2017

အဲဗာတန် တိုက်စစ်မှုး လူကာကူမှာ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက် ၉၉.၉% သဘောတူပြင်ဆင်ထား ပြီးဖြစ်ကြောင်း အေးဂျင့် ရိုင်အိုလာက ပြောဆိုလိုက်သည်။

ယင်းစာချုပ်အရ လူကာကူမှာ လုပ်ခအဖြစ် တစ်ပတ်ပေါင် တစ်သိန်းကျော်ရမည်ဟုဆိုပြီး လူကာကူ လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည်ဟု သိရသည်။

ဘယ်လ်ဂျီယံ တိုက်စစ်မှုး လူကာကူမှာ လွန်ခဲ့သော စနေနေ့ ဆန်းဒါးလန်းနှင့် ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုရာသီတွင် ပရီးမီးယားလိဂ် ဂိုး ၁၇ ဂိုး ရရှိခဲ့ပြီဖြစ်ကာ အသင်းမှ ဒန်ကန်ဖာဂူဆန်၏ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

လူကာကူမှာ ၂၀၁၃-၁၄ ရာသီတွင် အဲဗာတန်သို့ စတင်ရောက်ရှိခဲ့သူဖြစ်ပြီး ယင်းရာသီတွင် ပရီးမီးယားဂိုး ၁၅ ဂိုး၊ ၂၀၁၄-၁၅ တွင် ၁၀ဂိုး၊ ၂၀၁၅-၁၆ တွင် ၁၈ ဂိုးနှင့် ၂၀၁၆-၁၇ တွင် ၁၇ ဂိုး စုစုပေါင်း ဂိုး ၆၀ သွင်းယူပေးထားပြီး ဖြစ်သည်။

U Myo Thant

<< Back EPL News


Advertisement
Here