EPL News

နည်းပြမရှိမှ နိုင်သော လက်စတာ

Feb 28 , 2017

ရှုံးပွဲဆက်မှုများကြောင့် နည်းပြရေနီယာရီကို ထုတ်ပယ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် လက်စတာမှာ ၂၀၁၇ အတွက် ပထမဆုံး ပရီးမီးယားနိုင်ပွဲအဖြစ် လီဗာပူးကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

လက်စတာအသင်းမှာ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ ၀က်စ်ဟမ်းနှင့် ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ကြားကာလအတွင်း ပရီးမီးယား ပွဲများတွင် နိုင်ပွဲမရှိတော့ပဲ ယငမန်နေ့ကမှ ပြန်လည် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ယခု ပွဲစဉ်တွင် ဗာဒီက လက်စတာအတွက် ၂ဂိုး သွင်းယူခဲ့ပြီး ဒရင့်ဝါးတားက ၁ဂိုး သွင်းယူခဲ့  လီဗာပူးအတွက် ချေပဂိုး ၁ဂိုး ကို ကော်တင်ဟိုက သွင်းယူခဲ့သည်။

လက်စတာအသင်း ယာယီနည်းပြ ရှိတ်စပီးယားက ယခုနိုင်ပွဲအတွက် များစွာဝမ်းသာမိကြောင်း ပြောဆိုသွားခဲ့သည်။

ပရီးမီးယား ၂၆ ပွဲ ကစား ၆ ပွဲနိုင်ခဲ့ပြီဖြစ်သော လက်စတာမှာ ယခုနိုင်ပွဲကြောင့် အဆင့် ၁၇ မှ ၁၅ သို့ တက်သွားခဲ့ပြီး တန်းဆင်းဇုန်အသင်းနှင့် ၂မှတ်အကွာတွင် ရှိနေဆဲ ဖြစ်သည်။

လာမည့် ပွဲစဉ်တွင် လက်စတာမှာ အရေးကြီး ပွဲစဉ်အဖြစ် တန်းဆင်းဇုန်အတွင်းမှ ဟောလ်စီးတီးအသင်းနှင့် ကစားရမည်ဖြစ်၍ အနိုင်ရပါက တန်းဆင်းဇုန်နှင့် ပိုဝေးရာသို့ ရောက်သွားနိုင်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here